ကစားသမားများ ယုံကြည်မှုပြန် ရအောင် စိတ်ဓာတ်မြှင့် တင်ပေးနေဟု ဂတ်ဇီဆီ ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
received_1266411086749296
မြန်မာ့ လက်ရွေးစင်နည်းပြ ဂတ်ဇီဆီ

မြန်မာ ကစား သမားများ ယုံကြည် မှုပြန်ရအောင် စိတ်ဓာတ် ပိုင်းဆိုင်ရာ မြှင့်တင်မှု များပြုလုပ် ပေးနေသည် ဟု နည်းပြ ဂတ်ဇီဆီ က ကမ္ဘော ဒီးယားနှင့် ပွဲ ကြိုသ တင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားသွား ခဲ့သည်။ ဆူဇူကီး အဖွင့်ပွဲစဉ်တွင် ဗီယက်နမ် အသင်းကို ရှုံးနိမ့်ထားခဲ့၍ ဖိအားဝင် လျှက်ရှိနေသော် မြန်မာ အသင်းသည် ဒုတိယ ပွဲစဉ် အဖြစ် နိုဝင်ဘာ ၂၃ရက်တွင် ကမ္ဘောဒီးယား အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ရလဒ် မကောင်းခဲ့ပါက နောက်တစ်ဆင့် တက်ရန် စိုးရိမ်စရာ အနေအထားသို့ ရောက်ရှိ သွားမည်ဖြစ်သည်။

” ကျွန်တော်တို့ အတွက်တော့ ဖိအားဆိုတာ အမြဲတမ်း ရှိပါတယ်။ ဗီယက်နမ်နဲ့ပွဲ ပထမပိုင်းမှာ ဆိုရင် ဖိအား အတော်များခဲ့တယ်။ ရလဒ်ကလည်း စိတ်ကျေနပ်စရာ မဟုတ်ခဲ့ဘူး။ ခုဆိုရင် ကစားသမားတွေ ယုံကြည်မှု ပြန်ရလာအောင် စိတ်ဓာတ်ပိုင်း မြှင့်တင်ပေးနေ တယ်။ ကမ္ဘောဒီယားက တန်ပြန်တိုက် စစ် ကစား တာကောင်းတယ်။ သတိ ထားစောင့်ကြည့် ရမှာပါ။ နှစ်သင်းစလုံး အမှတ်လိုနေတာဖြစ်လို့ မနက်ဖြန်ပွဲကို အနိုင် ရအောင်ကြိုးစား သွားမှာပါ” ဟု ဂတ်က ပြောကြားသွားသည်။

ကမ္ဘောဒီးယား အသင်းနည်းပြ လီတဲဟွန် က မြန်မာ အသင်းလို စုစည်း မှုကောင်းသည့် အသင်းကို အနိုင်ယူရန်မှာ ခက်ခဲ မည်ဖြစ်သော်လည်း မနက်ဖြန် ပွဲစဉ်မှာ အသင်း အတွက် အရေးကြီးသည့် ပွဲဖြစ်၍ အိမ်ရှင်ကို အနိုင်ယူ ရန်ပြင်ဆင် သွားမည် ဟု ဆိုသွားခဲ့သည်။

comments

error: Content is protected !!