အမှားတွေက ကိုယ်ကိုကိုယ် သတ်သေ လိုက်သလိုပဲဟု ဂတ်ဇီဆီ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
received_1266411086749296

မြန်မာအသင်းသည် ဆူဇူကီး အုပ်စု အဖွင့် ပွဲစဉ်တွင် ဗီယက်နမ်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဂတ်ဇီဆီက ယနေ့ပွဲတွင် ပြုလုပ်ခဲ့သော အမှား များကြောင့် ကိုယ့်ကိုကိုယ် သတ်သေ သကဲ့သို့ ဖြစ်သွားကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။

ဂတ်၏ မြန်မာအသင်းသည် ယနေ့ပွဲတွင် အမှားများစွာ ရှိခဲ့ပြီး ၀င်းနိုင်စိုး၊ ရဲကိုဦး၊ ကောင်းဆက်နိုင် နှင့် အချို့ ကစားသမား တို့ အမှားအယွင်း များစွာ ရှိခဲ့ပြီး ကွင်းလယ်နှင့် တိုက်စစ် အပိုင်းတွင် လွန်စွာ အားနည်းခဲ့သည်။
“အရမ်း အမှားများခဲ့တယ်။ ဒီအမှားတွေက ကိုယ့်ကိုကိုယ် သတ်သေ လိုက်သလို ဖြစ်သွားတယ်။ ကစားသမား အချို့က ငယ်သေးတဲ့အတွက် ဒီလို ပွဲကြီးကို မတိုးနိုင်ခဲ့ဘူး။ နောက်လာမယ့် ကမ္ဘောဒီးယား အသင်းနဲ့ ပွဲမှာ ကစားသမား အနည်းငယ် အပြောင်းအလဲ လုပ်သွားမယ်။ အောင်သူဟာ ခြေစမ်းပွဲမှာ အကောင်းဆုံး ပုံစံအောက် ရောက်နေခဲ့တာပါ။ ဒီနေ့မှ ပုံမှန် ခြေစွမ်း ပြန်ရလာတာပါ” ဟု ဂတ်ဇီဆီ ကပြောကြားခဲ့သည်။

ဗီယက်နမ် အသင်း နည်းပြ ငုရင်ဟူသောင် က ” ပထမ ပွဲစဉ် ဆိုတာ အမြဲတမ်း ခက်ခဲ တက်ပါတယ်။ မြန်မာ အသင်းကို အနိုင်ရရှိခဲ့လို့ နောက်တဆင့် တက်ဖို့ အားပိုကောင်း သွားပေမယ့် နောက်လာမယ့် ပွဲတွေကိုလည်း တစ်ပွဲချင်းစီ အားရုံစိုက်ပြီး ကစားသွားမှာပါ။ ပြန်ပေးလိုက် ရတဲ့ ချေပဂိုးဟာ နောက်တန်း အမှား ကနေ ပြန်ရသွားတာပါ။” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!