အခွင့်အရေး အသုံးမချနိုင်ခဲ့လို့ တစ်ယောက်လျော့ စင်ကာပူကို ဖိလစ်ပိုင် သရေကျ
|
အိမ်ရှင် ဖိလစ်ပိုင်အသင်းဟာ အခွင့် အရေး အပိုင် အသုံး မချနိုင်ခဲ့လို့ တစ်ယောက် လျော့ စင်ကာပူကို အိမ်ကွင်းမှာ ဂိုးမရှိ သရေကျပြီး ၂မှတ် လက်လွှတ်ခဲ့ရပါတယ်။
ပထမပိုင်းမှာ ဖိလစ်ပိုင်အသင်းဟာ စင်ကာပူအသင်း ဘက်ကို တိုက်စစ် ဖိအားပေး ကစားနိုင်ခဲ့ပြီး တန်ပြန် တိုက်စစ်များနဲ့ စင်ကာပူခံစစ်ကို ခြိမ်းခြောက်ခဲ့ပါတယ်။ စင်ကာပူ အသင်းကတော့ အိမ်ရှင် အသင်းကို တိုက်စစ် ဆင်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး ခံစစ်ပိုင်းကို မကျော်လွှားနိုင် ခဲ့ပါဘူး။
စင်ကာပူအသင်းဟာ ဦးစွာ အပိုင် အခွင့် အရေး တစ်ခု ရရှိခဲ့ပြီး မက်ဟူ မိုဟာနာ အပိုင်ချပေးခဲ့တဲ့ ဘောလုံးကို အန်နီရယ် ဘက်နက် ဖြုန်းတီး ပစ်ခဲ့ပါတယ်။ ဖိလစ်ပိုင် အသင်းကလည်း တန်ပြန်တိုက်စစ်တွေနဲ့ ထိုးဖောက်ခဲ့ပြီး ပွဲချိန် ၁၆ မိနစ်မှာ ရရှိခဲ့တဲ့ ပြစ်ဒဏ်ဘောကို စတီဖန် ရှားရောခ် ကန်သွင်းပေမယ့် စင်ကာပူ ဂိုးသမား ကာကွယ် နိုင်ခဲ့ပါတယ်။
ပွဲချိန် ၃၄ မိနစ်မှာတော့ စင်ကာပူ ကစားသမား ဟာဖီဆူဂျက်ရဲ့ အန္တရာယ် ရှိနိုင်တဲ့ ကစားပုံကြောင့် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ စင်ကာပူ အသင်း တစ်ယောက် လျော့သွား တာကြောင့် ဖိလစ်ပိုင် အသင်း အကောင်းဆုံး ကစားနိုင်ခဲ့သော်လည်း ပထမပိုင်း ပွဲသိမ်းခရာ မှုတ်ချိန်အထိ ဦးဆောင်ဂိုး မရရှိခဲ့ပါဘူး။
ဒုတိယပိုင်း စပြီး နှစ်မိနစ် အကြာမှာ ဖိလစ်ပိုင် အသင်းဟာ တန်ပြန်တိုက်စစ် ဆင်ခွင့် ရရှိခဲ့ပြီး Hikaru Minegishi ရဲ့ အပိုင် ကန်သွင်းချက်ကို စင်ကာပူ ဂိုးသမား ကာကွယ် နိုင်ခဲ့ပါတယ်။ ဒုတိယ ပိုင်းမှာ နှစ်သင်းစလုံး အပိုင် အခွင့်အရေး တွေရခဲ့ပေမယ့် ဖြုန်းတီးခဲ့လို့ ဘယ်သူမှ အနိုင် မရရှိပဲ တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျခဲ့ရပါတယ်။ စင်ကာပူ အသင်းဟာ တိုက်ရိုက်အနီကတ် ထိသွားတဲ့ အပြင် ကစားသမား ၃ ယောက်ပါ ဒီပွဲမှာ အ၀ါကတ် ထိထားတာကြောင့် လာမယ့် ပွဲတွေအတွက် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။
ဆူဇူကီး ပြိုင်ပွဲ အုပ်စု (က) ပွဲဦးထွက် ပွဲစဉ် အပြီးမှာတော့ ထိုင်းအသင်းက ၃မှတ် အပြည့် ရရှိသွားပြီး အိမ်ရှင် ဖိလစ်ပိုင်နှင့် စင်ကာပူ က တစ်မှတ်စီနဲ့ အင်ဒိုနီးရှား အသင်းကတော့ အမှတ်မရရှိသေးပါဘူး။
Next : ကမ္ဘောဒီးယားကို အနိုင်ယူကာ အုပ်စု အဖွင့်ပွဲ မလေးရှား မျက်နှာပန်းလှခဲ့