လျင်မြန်သည့် ဗီယက်နမ် တိုက်စစ်ကို မထိန်းနိုင်၍ မြန်မာ အရှုံးပေးခဲ့ရ
|
ဆူဇူကီး အုပ်စု(ခ) ဒုတိယ ပွဲစဉ်ဖြစ်သည့် အိမ်ရှင်မြန်မာနှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ၂ဂို၁ဂိုး ဖြင့် ဗီယက်နမ် အသင်း အနိုင်ရရှိ သွားခဲ့သည်။
ပွဲစသည်နှင့် နှစ်သင်းစလုံး လျင်လျင်မြန်မြန် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ဗီယက်နမ် အသင်းမှ ခပ်ကြမ်းကြမ်း တုံ့ပြန်ကစား သွားသည်။
ပွဲချိန် ၉ မိနစ်တွင် ဗီယက်နမ် တိုက်စစ်မှူး အကောင်းဆုံး အခွင့်အရေး ရသော်လည်း ဂိုးဘားကျော် သွားခဲ့သည်။ မိနစ် ၂၀ကျော် လွန်လာခဲ့သည့် အချိန်ထိ မြန်မာ အသင်းမှာ ကစားကွက် တည်မရသေးဘဲ ဗီယက်နမ် အသင်းဧ။် တိုက်စစ်ကို အသည်း အသန် ဖျတ်ထုတ်နေခဲ့ ရသည်။ ပွဲချိန် ၂၄ မိနစ် တွင် ဗီယက်နမ် အသင်း ဦးဆောင်ဂိုး ရသွားခဲ့ပြီး နောက်ခံ လူများ ကပ်ထား သည့်ကြားမှ လူကျွံထောင်ချောက် ကို ရုန်းထွက်ကာ တိုက်စစ်မှူး Nguyen Van Quyet က သွင်းယူပေး ခဲ့သည်။ ခြေစမ်းပွဲများတွင် ခြေစွမ်းပြခဲ့သည့် ကောင်းဆက်နိုင်မှာ ယနေ့ပွဲစဉ်တွင် ခြေစွမ်းပြ သနိုင်ခြင်း မရှိခဲ့ဘဲ ပထမပိုင်း မပြီးခင်မှာ ပင် လူစားလဲ ခံခဲ့ရသည်။
ဒုတိယ ပိုင်းတွင် ဗီယက်နမ် အသင်းဘက်သို့ မြန်မာ အသင်း လျင်လျင်မြန်မြန် တိုက်စစ် ဆင်လာခဲ့ပြီ ၄၈ မိနစ်တွင် ကျော်ဇင်လွင် ဖြတ်တင်ဘောကို အောင်သူ အပိုင် ကန်သွင်းခွင့်များ ရခဲ့သော်လည်း လွဲချော်ခဲ့သည်။ ယနေ့ပွဲစဉ်တွင် တိုက်စစ်မှူး အောင်သူ အပိုင် အခွင့်အရေးအချို့ ကိုဖြုန်းတီးခဲ့ ၍ နစ်နာခဲ့ ရသည်။ ၆၁ မိနစ်တွင် တန်ပြန်တိုက် စစ်မှတဆင့် ဗီယက်နမ် အခွင့်အရေး ရခဲ့သော်လည်း ဂိုးသမားကျော် ဇင်ဖြိုး ကာကွယ် သွားနိုင်ခဲ့သည်။
မြန်မာ အသင်း မှာချေပဂိုး ရရှိရန်အတွက် ဗီယက် နမ်နောက် တန်းကို တရစပ် တိုက်စစ် ဆင်လာခဲ့ရာ ၇၃မိနစ်တွင် အောင်သူမှ ချေပဂိုးကို အပြင်းကန်
သွင်းယူ သွားနိုင်ခဲ့သည်။ ချေပဂိုးပေး လိုက်ရ၍ ဗီယက်နမ် အသင်း အနည်းငယ် ပျာယာခတ် သွားသလို မြန်မာ အသင်းမှာလည်း ခပ်ကြမ်းကြမ်းဖျက်
ထုတ်မှုများဖြင့် တုံ့ပြန်ခဲ့သည်။ မြန်မာ အသင်း အပျော်မှာ ကြာရှည်မခံခဲ့ဘဲ ဗီယက်နမ် တိုက်စစ်မှူး Le Cong Vinh(C) က မြန်မာအသင်း၏ နားလည်မှု အလွဲ အမှားမှတဆင့် ဦးဆောင်ဂိုး ပြန်လည်ရ ယူသွားခဲ့သည်။ ဦဆောင်ဂိုး ရခဲ့ပြီးနောက် ဗီယက်နမ် အသင်းမှ အချိန်ဆွဲမှုများပြုလုပ် လာခဲ့သည်ကို တွေ့ရှိရသည်။ ချေပဂိုး
ပြန်လည်ရရှိရန် အတွက် ဗီယက်နမ် ဘက်သို့ မြန်မာ ဖိအားပေးတိုက် စစ်ဆင်မှုများပြုလုပ် လာခဲ့သော်လည်း ဗီယက် နမ်နောက် တန်းကို ဖြတ်ကျော်နိုင်
ခဲ့ခြင်း မရှိပဲ အရှုံးပေး ခဲ့ရသည်။
မြန်မာအသင်းသည် ဗီယက်နမ် အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ရမှတ် မရရှိသေးပဲ လက်ကျန် ပွဲစဉ် ၂ပွဲကို အနိုင်ရရှိအောင် ယှဉ်ပြိုင် ကစားရတော့မည် ဖြစ်သည်။
Next : အမှားတွေက ကိုယ်ကိုကိုယ် သတ်သေ လိုက်သလိုပဲဟု ဂတ်ဇီဆီ ပြောကြား