ကမ္ဘောဒီးယားကို အနိုင်ယူကာ အုပ်စု အဖွင့်ပွဲ မလေးရှား မျက်နှာပန်းလှခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
0t3a5536

ဆူဇူကီး အုပ်စု(ခ) အဖွင့်ပွဲစဉ် အဖြစ် မလေးရှားနှင့် ကမ္ဘောဒီးယား အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ အပြန်အလှန် သွင်းဂိုးများဖြင့် ကြည့်ကောင်း ခဲ့သည်။
ပွဲစစချင်း မလေးရှား အသင်းမှ ဖိအားပေး တိုက်စစ်ဆင်နိုင် ခဲ့သော်လည်း ဦးဆောင်ဂိုးကိုမှု ကမ္ဘောဒီးယား အသင်းမှ ရရှိခဲ့သည်။
ယင်းဂိုးကို ပွဲချိန် ၈ မိနစ်တွင် ကွင်းလယ်လူ Chan Vathanaka က သွင်းယူသွား ခဲ့သည်။ အဆိုပါ ဂိုးမှာ လူကျွံ အနေအထားမှ တဆင့် သွင်းယူသွားခဲ့
၍ မလေးရှား အသင်းမှ ကန့်ကွက်မှုများ ပြုလုပ် ခဲ့သော်လည်း ကွင်းလယ်ဒိုင်မှ ဂိုးအဖြစ် ခွင့်ပြုပေး ခဲ့သည်။ ဦးဆောင် ဂိုးပေး လိုက်ရ၍ မလေးရှား အသင်း ဖိအားဝင် သွားခဲ့ပြီး ချေပဂိုး ရရှိရန် ပိုမိုတိုက် စစ်ဆင် လာခဲ့သော်လည်း ကမ္ဘောဒီးယားနောက် တန်းကို ဖြတ်ကျော်နိုင် ခဲ့ခြင်းမရှိပေ။ သို့သော် ပွဲချိန် ၃၇မိနစ်တွင် မလေးရှား အ
သင်း အတွက် ချေပဂိုးကို Zainon က သွင်းယူပေး ခဲ့သည်။ ထို့နောက်တွင် နှစ်သင်းစလုံး ဦးဆောင်ဂိုးများ ရရှိရန် အခွင့်အရေး ကိုယ်စီ ရရှိခဲ့ကြသော် လည်း ဂိုး အဖြစ် အသုံးချနိုင်ခဲ့ခြင်း မရှိဘဲ ပထမပိုင်း တွင် ၁ ဂိုးစီ သရေဖြင့် ပြီးဆုံး သွားခဲ့သည်။

ဒုတိယ ပိုင်းတွင် မလေးရှား အသင်းမှ ကစားကွက် ပုံစံပြောင်းလဲကာ ကမ္ဘောဒီးယား အသင်းဘက်သို့ ထိုးဖောက် တိုက်စစ်ဆင် လာခဲ့သောလည်း တန်ပြန် တိုက်စစ်မှ တဆင့် Chan Vathanaka  ကပင် အကောင်းဆုံး အဆုံး သတ်ပေးနိုင်ခဲ့သည်။ မလေးရှား အသင်းမှာ ချေပဂိုးပြန် လည်ရရှိရန် အတွက် ကြိုးစား ကစားလာ ခဲ့ရာ ၆၉မိနစ်တွင် လူစားဝင် ကစားသမား Yahyah က ချေပဂိုးသွင်း ယူခဲ့သည်။ ကမ္ဘောဒီယား အသင်းမှာ တန်ပြန် တိုက်စစ်မှ တဆင့်  ဂိုးရရန်ကြိုး စားနေခဲ့ပြီး ဂိုးရလု ရခင် အနေ အထားသို့ ရောက်ရှိခဲ့သော် လည်း တိုက်စစ်မှူးများ အဆုံးသတ် မသေချာ၍ ခဲ့ရသည်။ မလေးရှား အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် မိနစ် ၈၀တွင် Yahyah ကပင် ခေါင်းတိုက် သွင်းယူခဲ့သည်။

လက်ကျန် မိနစ် အချိန်များကို မလေးရှား အသင်းမှ ကောင်းစွာ ထိန်းချုပ် ကစားသွားခဲ့ပြီ ၃ဂိုး၂ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သည်။ အဖွင့်ပွဲစဉ် ရှုံးနိမ့် သွားခဲ့သည့် ကမ္ဘော ဒီးယားမှာ ဒုတိယ ပွဲစဉ်တွင် အိမ်ရှင်မြန်မာနှင့် ဆုံတွေ့နေရာ ရလဒ် မကောင်ခဲ့ပါက အုပ်စု အဆင့်နှင့် ကျေနပ်ရမည့် အနေအထား သို့ရောက် ရှိခဲ့ပြီးဖြစ်သည်။

“ဖိလစ်ပိုင် အသင်းဟာ အရမ်းကောင်းတဲ့ အသင်းပါ။ ကျွန်တော်တို့ ဒီနေ့ပွဲမှာ အစွမ်းကုန် ကြိုးစားခဲ့လို့ အနိုင်ရခဲ့ပါတယ်။ ပထမ ပွဲမှာ အမြဲတမ်း ခက်ခဲစေပါတယ်” ဟု မလေးရှားနည်းပြ အွန်ကင်ဆွီးက ပြောကြားခဲ့သည်။

“ရာသီဥတု ကလည်း အရမ်းပူတယ်။ ဒီပွဲမှာ အဖွင့် ဂိုးတွေ ရခဲ့ပေမယ်။ နောက်တန်း အမှားတွေ ရှိလို့ ၃မှတ် ရှုံးခဲ့ရတယ်။ ဒါပေမယ့် ဒီနေ့ ကစားပုံ အရမ်းကောင်းပါတယ်။ နောက်လာမယ့် မြန်မာနဲ့ ပွဲမှာ ဒီထက် ပိုပြီး ခြေစွမ်းပြ နိုင်ဖို့ မျှော်လင့်ပါတယ်။” ဟု ကမ္ဘောဒီးယား နည်းပြ က ဆိုသည်။

ထိုကြောင့် မလေးရှားအသင်းသည် ရဂိုးအသာဖြင့် အုပ်စု (ခ) ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး ဗီယက်နမ်အသင်းက အမှတ်ပေးဇယာ ဒုတိယ နှင့် ကမ္ဘောဒီးယားက တတိယ၊ မြန်မာက စတုထ္ထ အသီးသီး ရပ်တည်လျက်ရှိသည်။

comments

error: Content is protected !!