အုပ်စုတက်ရန် ရေပန်းစားနေသည့် ဗီယက်နမ်ကို အကောင်းဆုံး ယှဉ်ပြိုင်သွားမည် ဟု ဂတ်ဖွင့်ဟ
|
ဗီယက်နမ် အသင်းသည် အုပ်စုတွင်း၌ အတောင့်တင်းဆုံး အသင်ဖြစ်ပြီး နောက်တစ်ဆင့် တက်ရန် ရေးပန်း အစားဆုံး အသင်းဖြစ် သော်လည်း အကောင်း ဆုံးကြိုးစား အနိုင်ယူ သွားမည်ဟု မြန်မာ အသင်း နည်းပြ မစ္စတာ ဂတ်က နိုဝင်ဘာ 19ရက်နေ့က ပြုလုပ်ခဲ့သည့် ပွဲကြို သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြား လိုက်သည်။
မြန်မာနှင့် ဗီယက်နမ် အသင်းတို့မှာ ဆူဇူကီး အုပ်စု(ခ) ဒုတိယမြောက် အဖွင့်ပွဲစဉ်အဖြစ် မြန်မာ စံတော်ချိန် ညနေ ၆နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ ကွင်း၌ ယှဉ်ပြိုင် ကစားကြ မည်ဖြစ်ပြီး ဗီယက်နမ် အသင်းမှာ အုပ်စုပထမဖြင့် နောက်တစ်ဆင့် တက်ရန် ရေပန်းစားနေသောကြောင့် ယခုကဲ့သို့ပြောကြား သွားခဲ့ခြင်းဖြစ်သည်။
“ပထမဦး ဆုံးယှဉ်ပြိုင် ရမယ့် ပွဲစဉ်တိုင်း ခက်ခဲတာ မှန်ပေမယ့် ပွဲတိုင်းမှာ ဖိအား ရှိပါတယ်။ ဗီယက်နမ် အသင်းက အုပ်စုတွင်းမှာ အတောင့်တင်းဆုံး အသင်းလို့ သတ်မှတ် လို့ရပါတယ်။ ၀ါရင့်ကစား သမားတွေ လည်းပါသလို တစ်ဦး ချင်းကောင်းတဲ့ ကစား သမားတွေ လည်းပါတယ်။ သူတို့ အသင်းက နောက်တစ်ဆင့်ကို အုပ်စုပထမနဲ့ တက်ဖို့ ရေပန်းစားနေတယ် ဆိုတာ လက်ခံတယ်။ ကျွန်တော်တို့အ သင်းကလည်း ယူ-20 ကစားသမား အများစုနဲ့ဖွဲ့ စည်းထားတဲ့ အသင်းဖြစ် သလို နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ လည်းရှိထား တာမို့လို့ လာမယ့်ပွဲ အတွက်ဖိအားမရှိဘူး။ ဗီယက်နမ် အသင်းကို ဖိအား ကင်းကင်းနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ” ဟု မစ္စတာဂတ်က ပြောကြားသွားသည်။
မြန်မာ အသင်းနှင့် ဗီယက်နမ် အသင်းတို့သည် ၁၉၉၆ ခုနှစ်မှစ၍ သမိုင်း တစ်လျောက်တွင် ၄ပွဲတွေ့ဆုံ့ခဲ့ပြီး ၃ပွဲ ရှုံး တစ်ပွဲ သရေသာကျခဲ့ဖူးသည်။ အဆိုးဝါးဆုံ ရလဒ်အဖြစ် မြန်မာအသင်းက ဗီယက်နမ်အသင်းကို ၇-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးသည်။ သို့သော် လက်ရှိ နည်းပြ ဂတ်က အဆိုပါ သမိုင်းရလဒ် ဆိုးများကို ချေဖျက်ပြရန် ဆန္ဒ ပြင်းပျနေခဲ့သည်။
မြန်မာ အသင်းတွင် ယူ- ၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲဝင် ကစားသမား 6ဦး ပါဝင်လာသလို 2014 ဆူဇူကီးတွင် ပါဝင်ကစား ခဲ့ဖူးသည့် ၀င်းမင်းထွဋ်၊ ရန်အောင်ကျော်၊ ဇော်မင်းထွန် စသည့်ဝါရင့် ကစားမားများလည်း ပါဝင်ကာ 2015ဆီးဂိမ်း ဒုတိယရခဲ့သည့် ရဲကိုဦး၊ စသည့်ကစား သမားများဖြင့်ဖွဲ့ စည်းထား ရွေ့ ပြိုင်ဘက် အသင်းများ၏ သတိ ထားစောင့်ကြည့် မှုကို ခံနေရ သည်။
Next : ဒန်ဒါရဲ့ ဟတ်ထရစ် သွင်းဂိုးဖြင့် ချန်ပီယံ သရဖူကို ကာကွယ်နိုင်ကြောင်း ထိုင်းပြသ