ပွဲကြို : AFF Suzuki Cup 2016 အုပ်စု (ခ) အား ချဉ်းကပ်ခြင်း
|
အာဆီယံ ဒေသတွင်း အမြင့်ဆုံး ပြိုင်ပွဲဖြစ်တဲ့ ဆူဇူကီး ပြိုင်ပွဲ ဟာ လာမယ့် စနေနေ့မှာ စတင်ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။ ဒေသတွင်း နိုင်ငံ ၈ နိုင်ငံထဲက ဘောလုံးစွမ်းရည် အမြင့်ဆုံး ပြသနိုင်တဲ့ နိုင်ငံဟာ ဆူဇူကီး ဖလားကို ဆွတ်ခူးခွင့် ပါလိမ့်မယ်။
အုပ်စု (ခ) မှာ ပါဝင်တဲ့ အသင်းတွေကို သုံးသပ်ကြည့်ရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ဆူဇူကီး ပြိုင်ပွဲ မှာ ဒုတိယ ရရှိခဲ့တဲ့ မလေးရှားအသင်း ၊ ၂၀၀၈ ဆူဇူကီး ချန်ပီယံ ဗီယက်နမ် အသင်း နဲ့ ဆူဇူကီးပြိုင်ပွဲ ပထမဆုံး အိမ်ရှင် မြန်မာ အသင်းတို့ဟာ အုပ်စု ပထမ နေရာအတွက် အကြိတ် အနယ် ရှိလာပါလိမ့်မယ်။
ဗီယက်နမ် (၂၀၁၄ ဆူဇူကီး အကြိုဗိုလ်လုပွဲ)
ဗီယက်နမ် အသင်းဟာ မြန်မာအသင်း ပါဝင်တဲ့ အုပ်စုမှာ လက်ရှိ အနေအထားအရ ခြေစွမ်းအကောင်း ဆုံးလို့ ဆိုနိုင်ပါတယ်။ မြောက်ကိုရီးယားလို အသင်းကို ၅-၂ ဂိုးနဲ့ အနိုင်ရထားသလို မြန်မာအသင်းနဲ့ ဂိုးမရှိ သရေကျထားတဲ့ အင်ဒိုနီးရှား အသင်းကို အိမ်ကွင်းမှာ အနိုင် ကစားထားပြီး အဝေးကွင်းမှာ ၂ ဂိုးစီသရေ ကစားထားနိုင်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ဂျေလိဂ် ကလပ် Avispa Fukuoka နဲ့ သရေ ကျထားတဲ့ ဗီယက်နမ် အသင်းရဲ့ ကစားပုံ ကို လျော့တွက်လို့ မရပါဘူး။
ဗီယက်နမ် အသင်းမှာ အဓိက ကြောက်စရာ အကောင်း ဆုံကတော့ တိုက်စစ်မှူး လီကောင်ဗင်နဲ့ တောင်ကိုရီးယား ကလပ် အင်ချွန်း ယူနိုက်တက် ရဲ့ ကွင်းလယ် ကစားသမား Truong ပဲ ဖြစ်ပါတယ်။ ဗီယက်နမ် အသင်းအတွက် ထိုးနက်ချက်ကတော့ ဂျေ လိဂ် ၂ မှာ ကစားနေတဲ့ ငုရင်သောင်အန် ဒူးဒဏ်ရာကြောင့် မပါဝင် နိုင်တော့တာပဲ ဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ဗီယက်နမ်အသင်းဟာ ခြေစွမ်းပွဲတွေမှာ အကောင်းဆုံး ပြန်လည် ခြေစွမ်းပြနိုင်လာခဲ့ပြီး ရွှေရောင်မျိုးဆက်လို့ ပြန်လည် တင်စား လာကြပါတယ်။ ခြေစမ်းပွဲ ၆ ပွဲ ကစားထားရာမှာ ၃ပွဲနိုင် ၄ပွဲ သရေ ရထားပါတယ်။
ဗီယက်နမ် အသင်းဟာ သူတို့ရဲ့ အားသာချက်အဖြစ် ကွင်းလယ်ကို အသာစီးရအောင် ကြိုးစား ကစားမှာပါ။ ဗီယက်နမ်ရဲ့ ရည်မှန်းချက်ကတော့ အုပ်စု ပထမရရှိပြီး ဆီမီး ဖိုင်နယ် အဆင့် ကို အသာအယာ ကျော်ဖြတ်ပြီး ဖိုင်နယ် အဆင့် အထိ တက်နိုင်ဖို့ပါပဲ။
မြန်မာ (၂၀၁၄ ဆူဇူကီး အုပ်စု (ခ) အဆင့် ၄ )
နည်းပြကြီး ဂတ်ဇီဆီ အတွက် ဗီယက်နမ်အသင်းနဲ့ အဖွင့်ပွဲစဉ် စတင်ယှဉ်ပြိုင် ကစားရမယ့် ကိစ္စဟာ အကြပ်ရိုက်စေတဲ့ ကိစ္စတစ်ခုပါပဲ။ နည်းပြ ဂတ်ဆီဇီဟာ လက်ရွေးစင်ဟောင်း အတွေ့အကြုံရှိသူ အနည်းငယ်သာ ခေါ်ယူခဲ့ပြီး ယူ ၂၀ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ ယူ-၂၀ ကစားသမားများနဲ့ ဆီးဂိမ်းစ် ငွေတံဆိပ်ရ ကစားသမား အချို့ ပေါင်းစပ်ပြီး အသင်းကို ဖွဲ့စည်းခဲ့ပါတယ်။ ဒေသတွင်း နာမည်ကြီး တိုက်စစ် မှူး တစ်ယောက် ဖြစ်တဲ့ ကျော်ကိုကို အသင်းလူစာရင်းမှာ ပြန်လည် မပါဝင်လာတော့တာဟာ အာလုံးကို အံ့သြသင့်စေတဲ့ ဂတ်ရဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။
ယူ ၂၀ ကမ္ဘာ့ ဖလားမှာ ခြေစွမ်းပြခဲ့ပြီး အာဆီယံ အကောင်းဆုံး ကစားသမားဆု ရရှိထားတဲ့ အောင်သူနဲ့ ကောင်းဆက်နိုင်တို့ရဲ့ တိုက်စစ်တွေနဲ့ မြန်မာအသင်း ပုံဖော်လာနိုင်ဖို့ ရှိသလို၊ ခြေစမ်းပွဲ ၂ပွဲမှာ သွင်းဂိုး တစ်ဂိုးမှ မရခဲ့တာနဲ့ ပတ်သက်ပြီး အဆုံးသတ်သေချာမှု အားနည်းနေသေးတာ တွေ့နေရပါတယ်။ မြန်မာ ပရိသတ်တွေကတော့ ကျော်ကိုကို ပါလာရင် တိုက်စစ် ပိုကောင်းလာမလားလို့ မျှော်လင့်ကြပါတယ်။
မလေးရှား (၂၀၁၄ ဆူဇူကီး ဒုတိယ)
၂၀၁၄ ခုနှစ် ဆူဇူကီး ဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ထိုင်းအသင်းရဲ့ ထိုးနက်မှုတွေ ကြောင့် ဒုတိယနေရာနဲ့ သာ ကျေနပ်ခဲ့ရတဲ့ မလေးရှားဟာ ဒီနှစ်မှာ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ နည်းပြ ကင်ဆွမ်အီဟာ ၂၀၁၀ ဆီးဂိမ်းစ် ပြိုင်ပွဲမှာ မြန်မာအသင်းနဲ့ ဆီမီးဖိုင်နယ် တွေ့ဆုံစဉ်က ၁-၀ ဂိုးနဲ့ အနိုင်ရဖူးခဲ့ပါတယ်။
မလေးရှား အသင်းဟာ ခြေစမ်းပွဲ ၄ ပွဲ ကစားခဲ့ရမှာ ၁ ပွဲနိုင် ၂ ပွဲ သရေ ၁ ပွဲရှုံး ထားပါတယ်။ ခြေစမ်းပွဲ စစချင်းမှာ မလေး ရှား အသင်းကို ရှုံးနိမ့်ခဲပေမယ့် နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်း တိုးတက် လာတယ် ဆိုတာ မြင်နိုင်ပါတယ်။ စင်ကာပူနဲ့ အာဖဂန်နစ္စတန် ကို သရေကျခဲ့ပြီး ပါပူးဝါး နယူဂီနီ အသင်းကို အနိုင်ရရှိထားပါတယ်။
မလေးရှား အသင်းဟာ ဒီပြိုင်ပွဲမှာ အုပ်စု ဒုတိယနေရာ ကို ရရှိနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါလိမ့်မယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ဘောလုံးလောက အကြောင်းကို အတော်အတန်သိတဲ့ ရန်ကုန် ယူနိုက်တက် အသင်း ကြံခိုင်ရေး နည်းပြ ကိုင်ရိုကို မလေးရှား နည်းပြ အဖွဲ့မှာ ပြန်လည် ပါဝင်လာတာဟာ စိတ်ဝင်စားစရာ တစ်ချက်ဖြစ်ပါတယ်။ မလေးရှား အသင်းဟာ အုပ်စု ဒုတိယ နေရာ ကို မျှော်မှန်းတဲ့ အတွက် မြန်မာအသင်းနဲ့ အဓိက ပြိုင်ဆိုင်ရမယ် ဆိုတာကို ကောင်းကောင်း နားလည် သဘော ပေါက်နေခဲ့ပါတယ်။
မလေးရှားအသင်းရဲ့ အဓိက ကစားသမားဟာ နိုရှာရူ အက်လန် ဖြစ်လာနိုင်ဖွယ်ရှိပြီး ဗီယက်နမ်နဲ့ အိမ်ရှင် မြန်မာ အသင်း တို့ ကို ကျော်ဖြတ်ပြိး ဆီမီးဖိုင်နယ် အဆင့် တက်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ၄-၄-၂ ပုံစံ တိုက်စစ် ဦးစား ပေး ကစားမှာ ဖြစ်ပြီး ခံစစ်ပိုင်းမှာ အနည်းငယ် ပြဿနာ ရှိဆဲ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား (မယှဉ်ပြိုင်)
အန်ကော့ သူရဲကောင်းတွေဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ခြေစစ်ပွဲအောင်မြင်လာတာ ဖြစ်ပါတယ်။ ခြေစစ်ပွဲ အဆင့်မှာလည်း တီမော့၊ ဘရူနိုင်း၊ လာအို အသင်းတွေကို ကျော်ဖြတ် လာခဲ့တာပါ။ အားလုံးက ကမ္ဘောဒီးယားကို အနိုင်ရမယ်လို့ မှန်းထားပေမယ့် ဒီပွဲမှ မထင်မှတ်ထားတာတွေကို လုပ်ပြမယ့် အသင်းပါ။ ခြေစစ်ပွဲမှာ ရာနှုန်းပြည့် အနိုင်ရထားပြီး ခြေစမ်းပွဲမှာ စင်ကာပူကို ဂိုးရလဒ် ကျဉ်းမြောင်းစွာနဲ့ ရှုံးနိမ့်ထားပါတယ်။
ဂျေလိဂ်မှာ ခြေစွမ်း သွားရောက် စမ်းသပ်မယ့် Chan Vathanaka ကမ္ဘောဒီးယား ကြည်လင်းလို့ ပြောနေကြတဲ့ ကစားသမားဟာ တစ်ဖက် နောက်တန်းတွေကို သူရဲ့ လျှင်မြန်မှုနဲ့ ဒုက္ခပေးတက်သူပါ။ ဒါကြောင့် ကမ္ဘောဒီးယားဟာ ဒီပွဲမှာ အားလုံး မထင်မှတ်တာကို လုပ်ပြပြီး သူတို့ဟာ ဖြတ်မျဉ်း အသင်းထက် ပိုတယ်ဆိုတာကို ပြသ ပါလိမ့်မယ်။
အုပ်စု ခ ပွဲစဉ်ဇယား
နိုဝင်ဘာ ၂၀ ရက်
၃:၀၀ မလေးရှား vs. ကမ္ဘောဒီးယား (Thuwunna Stadium, Yangon)
၆:၀၀ မြန်မာ vs. ဗီယက်နမ် (Thuwunna Stadium, Yangon)
နိုဝင်ဘာ ၂၃ ရက်
၃:၀၀ မလေးရှား vs. ဗီယက်နမ် (Thuwunna Stadium, Yangon)
၆:၀၀ မြန်မာ vs. ကမ္ဘောဒီးယား (Thuwunna Stadium, Yangon)
Nov 26
၆:၀၀ ကမ္ဘောဒီးယား vs. ဗီယက်နမ် (Wunna Theikdi Stadium, Naypyidaw)
၆:၀၀ မြန်မာ vs. မလေးရှား (Thuwunna Stadium, Yangon)
Next : အုပ်စုတက်ရန် ရေပန်းစားနေသည့် ဗီယက်နမ်ကို အကောင်းဆုံး ယှဉ်ပြိုင်သွားမည် ဟု ဂတ်ဖွင့်ဟ