ဒန်ဒါရဲ့ ဟတ်ထရစ် သွင်းဂိုးဖြင့် ချန်ပီယံ သရဖူကို ကာကွယ်နိုင်ကြောင်း ထိုင်းပြသ
|
ထိုင်းအသင်းဟာ ဆူဇူကီးဖလား အုပ်စု (က) အဖွင့်ပွဲစဉ် အင်ဒိုနီးရှား အသင်း ကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိပြီး လက်ရှိ ချိန်ပီယံ ခြေစွမ်းကို ပြသခဲ့ပါတယ်။
အင်ဒိုနီးရှား ခံစစ်မှူး ဘတ်စနာရဲ့ မှားယွင်းတဲ့ ရှင်းလင်း ဖြတ်ထုတ်မှုကနေတဆင့် ထိုင်း ကစားသမား နော်ချိုင်ရာက ပွဲစပြီး ၄ မိနစ် အကြာမှာ ထိုင်း အသင်း အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပါတယ်။ မိနစ် အနည်းငယ်မှာပဲ ထိုင်းအသင်းရဲ့ အသင်းခေါင်းဆောင် ဒန်ဒါရဲ့ ကန်ချက်ဟာ ဂိုးဘားတန်းကို ထိပြီး ပြန်ထွက်သွားတာကြောင့် အင်ဒိုနီးရှား အသင်း အနည်းငယ် သက်သာရာ ရခဲ့ပါတယ်။
ထိုင်းအသင်းဟာ ဖိလစ်ပိုင် အားကစား ကွင်းထဲမှာ ပြိုင်ဘက် အင်ဒိုနီးရှား ဘက်ကို တိုက်စစ်မိုးတွေ တရစပ် ရွာသွန်းခဲ့ပါတယ်။ အင်ဒိုနီးရှား အသင်းဟာ ချေပဂိုးရဖို့ အသဲအသန် ကြိုးစား ကစားခဲ့ပေမယ့် ထိုင်းအသင်း နောက်တန်းနဲ့ ဂိုးသမား အစွမ်းပြနေခဲ့လို့ အကောင်းဆုံး တိုက်စစ်ကို ပုံဖော်နိုင်ခြင်း မရှိခဲ့ပါဘူး။
အဲ့ဒီနောက် အင်ဒိုနီးရှား အသင်းဟာ ပွဲချိန် ၃၆ မိနစ်မှာ ထိုင်းအသင်းခေါင်းဆောင် ဒန်ဒါရဲ့ သွင်းဂိုးကို ထပ်မံ ခွင့်ပြု ပေးလိုက်ရတာကြောင့် ပထမပိုင်းမှာ ၂-၀ ဂိုးနဲ့ ထိုင်း အသင်းက ဦးဆောင် နေခဲ့ပါတယ်။
အင်ဒိုနီးရှားအသင်းဟာ ဒုတိယပိုင်း မှာ ပြန်လည် ဦးဆောင်လာခဲ့ပြီး ပွဲချိန် ၅၃ မိနစ်မှာ အင်ဒို နီးရှား ကစားသမား ဆိုလော့ဆာနဲ့ ပွဲချိန် ၅၆ မိနစ်မှာ ဘာရူ တို့က နှစ်ပွဲ ဆက်တိုက် သွင်းယူပေးခဲ့ပါတယ်။
ဒါပေမယ့် ထိုင်း အသင်းဟာ ပွဲချိန် ၇၉ မိနစ်နဲ့ ၉၀+၃ မိနစ်မှာ ဒန်ဂါ တစ်ဦးတည်းက နှစ်ဂိုး ထပ်မံ သွင်းယူပြီး လက်ရှိ ချန်ပီယံ ခြေစွမ်းကို ပြသသွားပါတယ်။
Next : အကောင်းဆုံး ပုံစံ ပြန်ရလိုက်၍ အင်ဒိုကို အနိုင်ရခြင်း ဟာ ကိုင်တီဆက် ဆို