ပွဲကြို : AFF Suzuki Cup 2016 အုပ်စု (က) ကို ချဉ်းကပ်ခြင်း။

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
2

အာဆီယံ ဒေသတွင်း အမြင့်ဆုံး ပြိုင်ပွဲဖြစ်တဲ့ ဆူဇူကီး ပြိုင်ပွဲ ဟာ လာမယ့် စနေနေ့မှာ စတင်ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။ ဒေသတွင်း နိုင်ငံ ၈ နိုင်ငံထဲက ဘောလုံးစွမ်းရည် အမြင့်ဆုံး ပြသနိုင်တဲ့ နိုင်ငံဟာ ဆူဇူကီး ဖလားကို ဆွတ်ခူးခွင့် ပါလိမ့်မယ်။
အုပ်စု (က) မှာ ပါဝင်တဲ့ အသင်းတွေကို သုံးသပ်ကြည့်ရမယ်ဆိုရင်တော့ လက်ရှိချန်ပီယံ ထိုင်း၊ ၂၀၁၂ ဆူဇူကီး ချန်ပီယံ စင်ကာပူနဲ့ သုံးကြိမ် ဆက် အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တဲ့ ဖိလစ်ပိုင်း အသင်းတို့ဟာ အုပ်စု ပထမ နေရာအတွက် အကြိတ် အနယ် ရှိလာပါလိမ့်မယ်။
ထိုင်း ( ၂၀၁၄ ချန်ပီယံ)
aff_th_xi1
တိုက်ဆင်များလို့ နာမည်ပြောင် ပေးထားတဲ့ ထိုင်းအသင်းဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် နောက်ဆုံး အဆင့်အထိ ရောက်ရှိခဲ့ပြီး အာရှ ဒိတ်ဒိတ်ကျဲ အသင်းတွေနဲ့ ရင်ဆိုင် ယှဉ်ပြိုင် ကာ ၁ပွဲ သရေကျပြီး ၄ ပွဲ ရှုံးနိမ့် ထားပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံ ဘုရင် နတ်ရွာစံခဲ့ပြီးနောက် သြစတြေးလျကို ၂-၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲရဲ့ ခြေစွမ်းကတော့ အလွန်ကောင်းခဲ့ပါတယ်။ ထိုင်းနည်းပြ ကိုင်တီဆက်ရဲ့ ၃-၄-၁-၂ ကစားကွက်ဟာ ထိုင်းအသင်းကို အာရှ အဆင့် ရောက်နေပြီလို့ အားလုံးက ချီးကျူးခဲ့ကြရပါတယ်။
ထိုင်း ကွင်းလယ် ကစားသမား ဆွန်ကရာဆင် ရဲ့ တိုက်စစ် ဦးဆောင်မှုနဲ့ သူရဲ့ တစ်ကိုယ်တော် အစွမ်းပြမှု၊ ဘောလုံး ပေးပို့မှု တွေနဲ့ ထိုင်းတိုက်စစ်မှူး Teerasil Dangda တို့ရဲ့ တိကျတဲ့ အဆုံးသတ်မှု အစွမ်းတွေ ပေါင်းစပ်လိုက်ရင် ပြိုင်ဘက် အသင်းတွေ အတွက် ကြောက်စ ရာကောင်း တဲ့ တိုက်စစ် ဖြစ်လာ မှာပါ။ ထိုင်း အသင်းဟာ လက်ရှိ ချန်ပီယံ သရဖူကို ကာကွယ် နိုင်တဲ့ ခွန်အား အပြည့်အ၀ရှိနေပါသေးတယ်။
ဖိလစ်ပိုင် (၂၀၁၄ ဆီမီးဖိုင်နယ်)

aff_ph_xi
ဆီမီးဖိုင်နယ် အဆင့်ကို ၃ကြိမ် ဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့ ဖိလစ်ပိုင် အသင်းဟာ ဒီနှစ်မှာလည်း အိမ်ကွင်း ပရိသတ် အင်အားနဲ့ နောက်တစ်ကြိမ် ထပ်မံ တက်ရောက်နိုင်ဖို့ အခွင့်အလှမ်းသာနေပါတယ်။ ဒါပေမယ့် ဖိလစိပိုင် နည်းပြ ကြီး သောမက်စ် အတွက်တော့ အားထားရတဲ့ ကစားသမား အချို့ မပါဝင်တာဟာ အင်အား ချိနဲ့စေပါတယ်။ ဖိလစ်ပိုင် အသင်း အတွက် အားထားရတဲ့ တိုက်စစ်မှူး ဂျာဗီယာ ပါတီနိုနဲ့ ခံစစ်မှူး ဆာတို တို့ ကို သက်ဆိုင်ရာ ကလပ်အသင်းတွေက ပြန်လည် မစေလွှတ်ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။
ဂျာမနီ မြေက ရရှိလာတဲ့ အတွေ့အကြုံကောင်းတွေနဲ့ ကာဂျစ်စတန် အသင်းကို ခြေစမ်းပွဲမှာ အနိုင်ယူ ခဲ့တဲ့ ရှာရော့ခ်ရဲ့ ဦးဆောင်မှုကို အသင်းအနေနဲ့ အမှန်တကယ်လိုအပ်မှာပါ။
အင်ဒိုနီးရှား (အုပ်စု က တတိယ)

aff_id_xi
အင်ဒိုနီးရှားအသင်းဟာ ဒီနှစ် ဆူဇူကီး ပြိုင်ပွဲမှာ အံ့သြသင့်စရာတွေကို ယူဆောင်လာနိုင်တဲ့ တစ်ခုတည်းသော အသင်း ဖြစ်ပါတယ်။ ဖီဖာရဲ့ ကာလရှည် ပြစ်ဒဏ်ချမှတ်ခံထားရမှုဟာ ပြီးခဲ့တဲ့ မေလကမှ လွှတ်မြောက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အသင်းရဲ့ ကစားသမား စုဖွဲ့မှုဟာ အံ့သြစရာကောင်း တယ်ဆိုတာ ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာ သက်သေပြခဲ့ပါတယ်။ မလေးရှား အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မြန်မာအသင်းနဲ့ ဂိုးမရှိသရေကျကာ ဗီယက်နမ်အသင်းကို တစ်ပွဲ သရေ တစ်ပွဲ ရှုံးထားခဲ့ပါတယ်။
အသင်းခေါင်းဆောင် ဆိုလော့ဆာဟာ သူရဲ့ အသင်းဖော် နေရာကို တာဝန်ယူပြီး တိုက်စစ်ကို ဦးဆောင်ရတော့မှာ ဖြစ်ပါတယ်။ အာဖန်ဘတ်ဒင် ဟာ လေ့ကျင့်ရေး ကွင်းမှာ ဒူးဒဏ်ရာ ရရှိခဲ့ပြီး အသင်းရဲ့ လူစာရင်းထဲက ထွက်သွားခဲ့ရပါတယ်။ ထိုင်းအသင်းနဲ့ စင်ကာပူ အသင်းတို့လို ချန်ပီယံ ဟောင်းတွေနဲ့ ရင်ဆိုင်နိုင်ဖို့ကတော့ ကွင်းလယ် ဖန်တီးသူ နှစ်ယောက်ဖြစ်တဲ့ အီဗန်နဲ့ စတိဖာနို တို့ အပေါ် အပြည့်အ၀ မူတည်နိုင်ပါတယ်။
စင်ကာပူ (အုပ်စု ခ တတိယ)

aff_sg_xi
၂၀၁၂ ခုနှစ် ချန်ပီယံ စင်ကာပူအသင်းဟာ ပြီးခဲ့တဲ့နှစ် ဆူဇူကီး ပြိုင်ပွဲမှာ မလေး ရှား အသင်းကို ရှုံးနိမ့်ပြီး အုပ်စု တတိယနဲ လှည့်ပြန်ခဲ့ရပါတယ်။ နောက်တစ်ခုကတော့ စင်ကာပူဟာ မရဏ အုပ်စုတည်းမှာ ကျရောက်နေတာကြောင့် တော်တော် ရုန်းကန်ရနိုင်ပါတယ်။ စင်ကာပူ နည်းပြကြီး ဆန်ဒါရာမွန်သီရဲ့ ရှေးဟောင်းဆန်တဲ့ ၄-၄-၂ ကစားပုံကြီးဟာ အရမ်းပျင်းရိဖွယ် ကောင်းပြီး ခြေစမ်းပွဲ ၅ပွဲမှာ ၂ ဂိုးသာ ရခဲ့ပါတယ်။ အဆိုးဝါးဆုံးကတော့ ကမ္ဘောဒီးယားလို အသင်းကိုတောင် ၁-၀ ဂိုးနဲ့သာ အနိုင်ရခဲ့တာပါပဲ။
ပွဲစဉ် ဇယား (All times UTC+8)
Nov 19
၃:၀၀ ထိုင်း vs. အင်ဒိုနီးရှား (Philippine Sports Stadium)
၆:၃၀ ဖိလစ်ပိုင် vs. စင်ကာပူ (Philippine Sports Stadium)
Nov 22
၃:၃၀ ထိုင်း vs. စင်ကာပူ (Philippine Sports Stadium)
၆:၃၀ အင်ဒိုနီးရှား vs. ဖိလစ်ပိုင် (Philippine Sports Stadium)
Nov 25
၆:၃၀ စင်ကာပူ vs. အင်ဒိုနီးရှား (Rizal Memorial Stadium)
၆:၃၀ ဖိလစ်ပိုင် vs. ထိုင်း (Philippine Sports Stadium)

comments

error: Content is protected !!