ဆူဇူကီး အုပ်စုကျွတ်ရန် စိုးရိမ်စရာ အနေအထားဟု ဦးမျိုးလှိုင် ၀င်း သုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
hop-bao-u19

ုမြန်မာ အသင်း ကစားပုံ တိုးတက် မှုများရှိလာ ခဲ့သော်လည်း ခြေစမ်း ပွဲနှစ်ပွဲတွင် ကစားသွားခဲ့ သည့်ခြေစွမ်း အတိုင်းဆိုလျင် အုပ်စု ကျွတ်ရန် စိုးရိမ်စရာ အနေ အထားဖြစ်နေ သည်ဟု မြန်မာယူ-၁၉ အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောကြားလိုက်သည်။

မြန်မာ အသင်းမှာ ဆူဇူကီးပြိုင်ပွဲ နောက်ဆုံးပြင် ဆင်မှုအဖြစ် ပြည်တွင်း၌ ခြေစမ်းပွဲ ၂ပွဲကစား ခဲ့ရာ တစ်ပွဲသရေ တစ်ပွဲ ရှုံးရလဒ် ထွက်ပေါ်ခဲ့သလို ဂိုးပေါက်ပျောက် ဆုံးနေခြင်း ကိုလည်း ရပ်
တန့်နိုင် ခဲ့ခြင်း မရှိခဲ့ပေ။

” မြန်မာ အသင်းမှာ အတွေ့အ ကြုံ အတော် ရှိနေပြီးဖြစ်တဲ့ ရန်အောင်ကျော် လို ကစား သမားတွေ ရှိသလို အောင်သူတို့လို စကေးကောင်းတဲ့ ကစား သမားတွေရှိတယ်။ ပြီးတော့ ဆီးဂိမ်းငွေ ဆုရခဲ့တဲ့ အသင်းက ကစားသမားတွေ လည်းရှိတော့ စုဖွဲ့မှုက အားရစ ရာတော့ကောင်း ပါတယ်။ ဒါပေမယ့် ဥရောပခရီးစဉ် ကပြန်လာပြီး ဒီမှာခြေစမ်း ပွဲနှစ်ပွဲကစားသွားတဲ့ ခြေစွမ်း ကတော့ ကျွန်တော် အပါအ၀င် အားလုံး သိကြတဲ့အတိုင်း အားရစရာ လုံးဝမရှိဘူး။ ဒီခြေစွမ်း အတိုင်းဆိုရင်တော့ ဆူဇူကီး အုပ်စုက ကျွတ်ဖို့က စိုးရိမ်စရာ အနေ အထားရောက်နေ တယ်။ခြေစမ်း ပွဲနဲ့ ပြိုင်ပွဲကတော့ မတူဘူးပေါ့။ ပြိုင်ပွဲကျ ရင်တော့ ပရိတ်သတ်တွေ အားရယ်၊ ဒီထက်ပိုပြီး ကြိုးစားအား ထုတ်ခဲ့မယ်ဆိုရင်တော့ နောက်တဆင့် အတွက် မျှော်လင့် လို့ရနိုင်တယ်”ဟု ဦးမျိုးလှိုင်ဝင်းက သုံးသပ်သွားခဲ့သည်။

မြန်မာအသင်း တိုက်စစ်ပိုင်း ဂိုးပေါက်ပျောက် ဆုံးနေချိန်တွင် ၀ါရင့်တိုက် စစ်မှူးကျော် ကိုကိုအား ပရိသတ်အများစုမှ လက်ရွေးစင် အသင်းတွင် မြင်တွေ့ခွင့်ရ ရန်မျှော်လင့်နေခြင်း
နှင့် ပတ်သက်၍ ၎င်းက ကျော်ကိုကိုသည် ယူ-၂၃နည်းပြ ပတ်ဆောင်ဟွာ လက်ထက် တွင်လည်း ပြဿနာတက် ခဲ့ဖူးသလို ဂတ် လက်ထက်တွင် လည်းပြဿနာတက် ခဲ့ကြောင်း၊ သို့သော်
ကျော်ကိုကိုမှာ မြန်မာ အသင်း တိုက်စစ် အတွက် အမှန်တကယ် လိုအပ်နေသည့် ကစားသ မားဖြစ်ပြီး မြန်မာ အသင်း ဆူဇူကီး အုပ်စုအဆင့်မှ ပြုတ်ခဲ့လျှင် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိ
ရလိမ့် မည်ဟု ဦးမျိုးလှိုင်ဝင်းက တဆက် တည်းပြောကြား ခဲ့သည်။

comments

error: Content is protected !!