စစချင်း ဆောက်နဲ့ ထွင်းရမယ့် မြန်မာအသင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
fcm

မြန်မာ လက်ရွေးစင် အသင်းဟာ အဖွင့် ပွဲစဉ်မှာ AFF Suzuki Cup ဗိုလ်စွဲနိုင်ချေ ရှိနေတဲ့ ဗီယက်နမ် အသင်း နဲ့ ကစားရမှာ ဖြစ်တာကြောင့် အရေးကြီးတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ အားလုံးက မြန်မာအသင်းကို အနည်းဆုံး အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့် တက်လှမ်း နိုင်ဖို့ မျှော်လင့်ထားပေ မယ့် မလေးရှား အသင်းမှာ မြန်မာ ဘောလုံးလောကာ အကြောင်း ကောင်းကောင်း သိနေတဲ့ ရန်ကုန် ယူနိုက်တက် အသင်းရဲ့ ကြံခိုင်ရေးမှူး ကိုင်ရို ပါဝင်နေတာကို မေ့ထားလို့မရပါဘူး။ ဒီတော့ ပြိုင်ဘက်အသင်းတွေ ဘာတွေ လုပ်နေတယ်။ ဘယ်လို အနေအထား ရှိတယ် ဆိုတာကို လေ့လာ ကြည့်ရအောင်။
ဗီယက်နမ်
ဗီယက်နမ် အသင်းဟာ မြန်မာအသင်း ပါဝင်တဲ့ အုပ်စုမှာ လက်ရှိ အနေအထားအရ ခြေစွမ်းအကောင်း ဆုံးလို့ ဆိုနိုင်ပါတယ်။ မြောက်ကိုရီးယားလို အသင်းကို ၅-၂ ဂိုးနဲ့ အနိုင်ရထားသလို မြန်မာအသင်းနဲ့ ဂိုးမရှိ သရေကျထားတဲ့ အင်ဒိုနီးရှား အသင်းကို အိမ်ကွင်းမှာ အနိုင် ကစားထားပြီး အဝေးကွင်းမှာ ၂ ဂိုးစီသရေ ကစားထားနိုင်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ဂျေလိဂ် ကလပ် Avispa Fukuoka နဲ့ သရေ ကျထားတဲ့ ဗီယက်နမ် အသင်းရဲ့ ကစားပုံ ကို လျော့တွက်လွှို မရပါဘူး။
ဗီယက်နမ် အသင်းမှာ အထိက ကြောက်စရာ အကောင်း ဆုံကတော့ တိုက်စစ်မှူး လီကောင်ဗင်နဲ့ တောင်ကိုရီးယား ကလပ် မှာ ကစားနေတဲ့ ကွင်းလယ် ကစားသမား Truong ပဲ ဖြစ်ပါတယ်။ နောက်တစ်ချက် အနေနဲ့ ဗီယက်နမ် ကလပ် ဟောင်အန်က အငှားချထား ပြီး ဂျေလိဂ် ၂ မှာ ကစားနေတဲ့ ကွင်းလယ် ကစားသမား ငုရင် သောင်အန် ကိုလည်း သတိထား စောင့်ကြည့်ရပါမယ်။ ဗီယက်နမ် အသင်းဟာ သူတို့ရဲ့ အားသာချက်အဖြစ် ကွင်းလယ်ကို အသာစီးရအောင် ကြိုးစား ကစားမှာပါ။ ဗီယက်နမ်ရဲ့ ရည်မှန်းချက်ကတော့ အုပ်စု ပထမရရှိပြီး ဆီမီး ဖိုင်နယ် အဆင့် ကို အသာအယာ ကျော်ဖြတ်ပြီး ဖိုင်နယ် အဆင့် အထိ တက်နိုင်ဖို့ပါပဲ။

ဗီယက်နမ် အသင်း၏ ဖြစ်နိုင်ဖွယ် ကစားကွက်နှင့် လူစာရင်း
4-1-4-1
ဂိုး – Tran Nguyen Manh.
နောက်တန်း – Tran Dinh Dong, Que Ngoc Hai, Truong Dinh Luat, Vu Van Thanh;
အလယ်တန်း ခံစစ် – Ngo Hoang Thinh
ကွင်းလယ် : Nguyen Van Toan, Luong Xuan Truong, Nguyen Tuan Anh, Pham Thanh Luong,
ရှေ့တန်း – Le Cong Vinh

မလေးရှား
မလေးရှား အသင်းဟာ ခြေစမ်းပွဲ ၄ ပွဲ ကစားခဲ့ရမှာ ၁ ပွဲနိုင် ၂ ပွဲ သရေ ၁ ပွဲရှုံး ထားပါတယ်။ ခြေစမ်းပွဲ စစချင်းမှာ မလေး ရှား အသင်းကို ရှုံးနိမ့်ခဲပေမယ့် နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်း တိုးတက် လာတယ် ဆိုတာ မြင်နိုင်ပါတယ်။ စင်ကာပူနဲ့ အာဖဂန်နစ္စတန် ကို သရေကျခဲ့ပြီး ပါပူးဝါး နယူဂီနီ အသင်းကို အနိုင်ရရှိထားပါတယ်။
မလေးရှား အသင်းဟာ ဒီပြိုင်ပွဲမှာ အုပ်စု ဒုတိယနေရာ ကို ရရှိနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါလိမ့်မယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ဘောလုံးလောက အကြောင်းကို အတော်အတန်သိတဲ့ ရန်ကုန် ယူနိုက်တက် အသင်း ကြံခိုင်ရေး နည်းပြ ကိုင်ရိုကို မလေးရှား နည်းပြ အဖွဲ့မှာ ပြန်လည် ပါဝင်လာတာဟာ စိတ်ဝင်စားစရာ တစ်ချက်ဖြစ်ပါတယ်။ မလေးရှား အသင်းဟာ အုပ်စု ဒုတိယ နေရာ ကို မျှော်မှန်းတဲ့ အတွက် မြန်မာအသင်းနဲ့ အဓိက ပြိုင်ဆိုင်ရမယ် ဆိုတာကို ကောင်းကောင်း နားလည် သဘော ပေါက်နေခဲ့ပါတယ်။
မလေးရှားအသင်းရဲ့ အဓိက ကစားသမားဟာ နိုရှာရူ အက်လန် ဖြစ်လာနိုင်ဖွယ်ရှိပြီး ဗီယက်နမ်နဲ့ အိမ်ရှင် မြန်မာ အသင်း တို့ ကို ကျော်ဖြတ်ပြိး ဆီမီးဖိုင်နယ် အဆင့် တက်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ၄-၄-၂ ပုံစံ တိုက်စစ် ဦးစား ပေး ကစားမှာ ဖြစ်ပြီး ခံစစ်ပိုင်းမှာ အနည်းငယ် ပြဿနာ ရှိဆဲ ဖြစ်ပါတယ်။

မလေးရှား အသင်း၏ ဖြစ်နိုင်ဖွယ် ကစားကွက်နှင့် လူစာရင်း

4-4-2.
ဂိုး – Khairul Fahmi Che Mat,
နောက်တန်း: Matthew Davies, Shahrul Saad, Shahrom Kalam, Nazirul Naim Che Hashim;
ကွင်းလယ်: Syazwan Zainon, Baddrol Bakhtiar, Nasir Basharudin, Hadin Azman;
ရှေ့တန်း – FW: Norshahrul Idlan Talaha, Ahmad Hazwan Bakri

ကမ္ဘောဒီးယား
အားလုံးက ကမ္ဘောဒီးယားကို အနိုင်ရမယ်လို့ မှန်းထားပေမယ့် ဒီပွဲမှ မထင်မှတ်ထားတာတွေကို လုပ်ပြမယ့် အသင်းပါ။ ခြေစစ်ပွဲမှာ ရာနှုန်းပြည့် အနိုင်ရထားပြီး ခြေစမ်းပွဲမှာ စင်ကာပူကို ဂိုးရလဒ် ကျဉ်းမြောင်းစွာနဲ့ ရှုံးနိမ့်ထားပါတယ်။ ဂျေလိဂ်မှာ ခြေစွမ်း သွားရောက် စမ်းသပ်မယ့် Chan Vathanaka ကမ္ဘောဒီးယား ကြည်လင်းလို့ ပြောနေကြတဲ့ ကစားသမားဟာ တစ်ဖက် နောက်တန်းတွေကို သူရဲ့ လျှင်မြန်မှုနဲ့ ဒုက္ခပေးတက်သူပါ။ ဒါကြောင့် ကမ္ဘောဒီးယားဟာ ဒီပွဲမှာ အားလုံး မထင်မှတ်တာကို လုပ်ပြပြီး သူတို့ဟာ ဖြတ်မျဉ်း အသင်းထက် ပိုတယ်ဆိုတာကို ပြသ ပါလိမ့်မယ်။

ကမ္ဘောဒီးယား အသင်း၏ ဖြစ်နိုင်ဖွယ် ကစားကွက်နှင့် လူစာရင်း

4-3-3:
ဂိုး Sou Yaty,
နောက်တန်း : Soeuy Visal, Samoeun Pidor, Nub Tola, Sok Sovan;
ကွင်းလယ် : Chhin Chhoeun, Sos Suhana, Thierry Chantha Bin,
ရှေ့တန်း – Chan Vathanaka, Keo Sokpheng, Prak Mony Udom

comments

error: Content is protected !!