ဆူဇူကီးအုပ်စုတက်ရန် အာမ မခံနိုင်ဟု နည်းပြ ဂတ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
received_1266411086749296

အာဆီယံဆူဇူကီးပြိုင်ပွဲတွင် မြန်မာအသင်းကစားပုံကောင်းရန်အတွက် အာမခံနိုင်သော်လည်း အုပ်စုတက်မည် မတက်မည်ကိုမှု အာမမခံနိုင်ကြောင်း မြန်မာအသင်းနည်းပြ ဂတ်က အိုမန်နှင့်ခြေစမ်းပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ဆူဇူကီးပြိုင်ပွဲအတွက် နောက်ဆုံးပြင်ဆင်မှုဖြစ်သည့် နိုဝင်ဘာ၁၄ရက်နေ့က မြန်မာနှင့်အိုမန်အသင်းတို့ ခြေစမ်းကစားခဲ့ရာ ဂိုးသွင်းခွင့် အခွင့်အရေးများရရှိခဲ့သော်လည်း အသုံးချနိုင်ခဲ့ခြင်းမရှိပဲ အိုမန်အသင်းကို ၃ဂိုးပြတ်ရှုံးနိမ့်သွားခဲ့သည်။ ထိုကြောင့် မြန်မာအသင်း၏ လက်ရှိခြေစွမ်းအရ ဆူဇူကီးအုပ်စုအဆင့်ကို ဖြတ်ကျော်နိုင်မည်လားဆိုသည့်မီဒီယာများ၏မေးမြန်းမှုကို ၎င်းက ယခုကဲ့သို့ဆိုလိုက်ခြင်းဖြစ်သည်။ ” ဒီနေ့ပွဲမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် အိုမန်အသင်းထက်တောင် ကျွန်တော်တို့ကဂိုးသွင်းခွင့် အခွင့်အရေးတွေပိုရခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေကို အပိုင်အသုံးမချနိုင်လို့သာ ရှုံးနိမ့်ခဲ့တာပါ။ ဒီအားနည်းချက်ကို ဆက်ပြီးပြင်ဆင်ရင်နဲ့ အသင်းကို တည်ဆောက်နေပါတယ်။ဒီခြေစွမ်းနဲ့ မြန်မာအသင်း ဆူဇူကီး အုပ်စုအဆင့်ကကျော်ဖြတ်နိုင်မလားဆိုတာကိုတော့ ကျွန်တော်အာမမခံနိုင်ဘူး။
ဒါပေမယအုပ်စုပွဲတွေမှာ မြန်မာအသင်းကစားပုံကောင်းကောင်းနဲ့ ကစားနိုင်မှာကိုတော့
အာမခံနိုင်ပါတယ်” ဟုဂတ်က ပြောကြားသွားခဲ့သည်။

မြန်မာအသင်းပါဝင်သည့် ဆူဇူကီးပြိုင်ပွဲများစတင်ကျင်းပရန် ၆ရက်သာလိုတော့သည့်အချိန်တွင် မြန်မာတိုက်စစ်မှူးများမှာ ဂိုးပေါက်ပျောက်ဆုံးနေဆဲဖြစ်ပြီး ၀ါရင့်တိုက်စစ်မှူးကျော်ကိုကိုအား လက်ရွေးသင်အသင်းတွင် မရွေးချယ်ခြင်းနှင့် ပတ်သတ်၍လည်း မြန်မာ့ဘောလုံးအသိုင်းအ၀ိုင်းကြားတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိနေသည်။

comments

error: Content is protected !!