ဆူဇူကီးတွင် ဆူပူ သောင်းကျန်း၍ ဖမ်းဆီးခံရပါက အာမခံဖြင့် ပြန်မထုတ် ပေး ဟု ဦးဖုန်းနိုင်ဇော် ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
phone
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် CEO ဦးဖုန်းနိုင်ဇော်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆူဇူကီးပြိုင် ပွဲတွင် ဆူပူသောင်း ကျန်းသူများကို ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ပြီး ယခင်လို အာမခံဖြင့် ပြန်ထုတ်ပေးမည် မဟုတ်ဟု မြန် မာနိုင်ငံဘော လုံးအဖွဲ့ချုပ် စီအီးအို ဦးဖုန်းနိုင်ဇော်က ပြိုင်ပွဲနှင့် ပတ်သတ် သည့် ဆောင်ရွက် ထားရှိသည် များကို ရှင်း လင်းပြောကြား သည့် အခမ်း အနားတွင် ပြောကြား သွားခဲ့သည်။ ပြီးခဲသည့် ၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲတွင် ဆူပူသောင်း ကျန်းခဲ့သည့် ဆိုးသွမ်း ပရိသတ် အချို့ကို ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်မှ အာမ ခံဖြင့်ပြန်လည် ထုတ်ပေး ခဲ့ဖူးသည်။

ဆူဇူကီးပြိုင်ပွဲတွင် လုံခြုံရေး အင်းအားကို ၁၅၀၀မှ ၂၀၀၀ ထိ အသုံးပြု သွားမည်ဖြစ် သလို ပြင်ပ လုံခြုံရေးများကို လည်းငှား ရမ်းသွားမည်ဖြစ်ကာ ကွင်းပတ် ပတ်လည်နှင့် ပွဲကြည့်စင်များ တွင်လည်း CCTV ကင်မရာ များကိုတပ် ဆင်သွား မည်ဖြစ်ပြီး ဆူပူသောင်းကျန်း မှုများရှိလာပါက ချက်ခြင်း အရေးယူဆောင် ရွက်နိုင်ရန် ရဲအချုပ် ကားများကိုလည်း အဆင့်သင့် ထားရှိ သွားမည်ဟု သိရသည်။

” အနီးစပ် ဆုံးပြောရရင် ပြီးခဲ့တဲ့ အာရှ ယူ -၁၉ခြေစစ်ပွဲ ဟောင်ကောင် နဲ့ပွဲမှာ ကွင်းထဲဝင်ရောက်သောင်း ကျန်းတဲ့ တစ်ယောက် ကို ထောင် ၇ရက် ချခဲ့တယ်။ ဆူဇူကီးပြိုင်ပွဲ ဆိုတာ ဒေသတွင်း အဆင့်မြင့် ဆုံးပြိုင်ပွဲဖြစ် သလို အရေးကြီး တဲ့ပွဲဖြစ်လို့ လုံခြုံရေး ပိုင်းကို သေသေချာ ချာဆောင်ရွက် ထားပါတယ်။ ကွင်းထဲ မ၀င်ခင် အရက်သောက်သုံးမှုနှုန်း စစ်ဆေးတဲ့ ကိရိယာတွေနဲ့ စစ်ဆေးပြီး သတ်မှတ် ပမာဏ ထက်ကျော်ရင် ၀င်ခွင့်မပေးပါဘူး။ ကွင်းထဲမှာ သောင်းကျန်းခဲ့ ရင်လည်း ချက်ချင်း အရေး ယူဆောင်ရွက်နိုင်ဖို့ လုံခြုံရေး အင်းအားကိုလည်း အလုံအလောက် ကွင်းထဲမှာ ချသွားမယ်။ ပြီးရင်ထိ ရောက်တဲ့ပြစ်ဒဏ် ချသွားမယ်။ အရင်လို အာမခံနဲ့ပြန်မ ထုတ်ပေးတော့ဘူး” ဟု ဦးဖုန်းနိုင်ဇော်က ပြောကြား သွားသည်။

ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် လက်ထက်မှစ၍ ယခုအချိန် အထိ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ခန့်မှန်းခြေ ဒဏ်ကြေးငွေ ဒေါ်လာ တစ်သိန်း ခွဲခန့် ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။ ဆက်လက်ပြီး ဆူဇူ ကီးပြိုင်ပွဲတွင်  ဆိုးသွမ်းသူ များသောင်း ကျန်းခဲ့မည်ဆိုပါက အာရှဘော လုံးအဖွဲ့ချုပ်မှ ပြစ်ဒဏ်ချမှတ် လိမ့်မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် တွင်ကစား ရန်ရှိနေသည့် အာရှဖ လားခြေစစ်ပွဲ တွင် အိမ်ကွင်း ကျင်းပခွင့် အခွင့်အရေး ရှုံးဆုံးနိုင်၍ မြန်မာ့ဘော လုံးလောက အတွက်နစ်နာ လိမ့်မည် ဖြစ်ကြောင်း ၄င်းက တဆက် တည်းပြောကြား သွားခဲ့သည်။

comments

error: Content is protected !!