မြန်မာ ကစားသမား များသည် ပြိုင်ဘက်၏ အနေအထားကို မသုံးသပ်နိုင်ဟု ဦးခင်မောင်ကြိုင် ဝေဖန်
|
မြန်မာ့ လက်ရွေးစင် ကစား သမားများမှာ ပြိုင်ဘက် အသင်း၏ အနေအထားကို သုံးသပ် တတ် ခြင်း မရှိသေးကြောင်း ရွှေခေတ်မြန်မာ့ လက်ရွေးစင် ကစား သမားဟောင်း တစ်ဦးဖြစ်သူ လက်ရှိ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးကော် မတီဥက္ကဋ္ဌ ဦးခင်မောင် ကြိုင်က ပြောကြား လိုက်သည်။
အင်ဒိုနီးရှား အသင်းနှင့် ဂိုးမရှိ သရေကျခဲ့ သည့် ခြေစမ်းပွဲတွင် ကစားသွား ခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်း၏က စားပုံနှင့်ပတ်သတ်၍ ၎င်းက သုံးသပ်သွား ခဲ့ခြင်းဖြစ်ပြီး တိုက်စစ် တွင်ကျော်ကိုကိုသာ ပါဝင်ခဲ့ မည်ဆိုပါက ဂိုးရနိုင်ကြောင်း တဆက်တည်း ပြောကြားသွားခဲ့သည်။
“အင်ဒိုနီးရှား အသင်း က ခြေစမ်းပွဲမှာ လူကုန်ထုတ် မကစားသွား သလို မြန်မာ အသင်းကလည်း ပြိုင်ဘက် အသင်း ရဲ့ အနေအထားကို မတွက်တတ်ဘူး။ ပုံမှန်ပဲ ကစားသွားတယ်။ ဒီဘက်ခေတ် ဘောလုံးက လှုပ်ရှားမှု များများ လုပ်နိုင်လေ အသင်းကောင်းလေပဲ။ အောင်သူ ဆိုရင် ခြေစမ်းပွဲမှာ ကစား သွားတာ ပုံစံက တစ်မျိုးတည်း ဖြစ်နေတော့ ပြိုင်ဘက်က သူ ဘာလုပ်မလဲ ဆိုတာ ရိပ်မိတယ်။ ခြေပေါ်တာ ဆိုလို့ ကောင်းဆက်နိုင် တစ်ယောက်တည်း ရှိတယ်။ ဒါပေမယ့် ကျန်တဲ့ ကစား သမားတွေက နောက်က တွဲလုံးတွေ မလိုက်ပဲနဲ့ သူကစားတဲ့ အပေါ်မှာ လိုက် ပြီးကြည့်နေ သလိုဖြစ်နေတယ်။ တိုက်စစ်မှာ ကျော်ကိုကိုသာ ပါခဲ့ရင် ဒီနှစ်ယောက် တိုးအား နဲ့ ဂိုးရနိုင်တယ်” ဟု ဦးခင်မောင်ကြိုင် ကပြောကြားခဲ့သည်။
ဆက်လက်ပြီး 2016 AFF Suzuki Cup တွင် မြန်မာ အသင်း ရင်ဆိုင်ရမည့် ပြိုင်ဘက်များ၏ အနေအထားကို မသိသေး၍ မြန်မာ အသင်း အုပ်စုတက် မတက်မှာ ပြောဖို့ စွန့်စား လွန်းရာ ကျကြောင်းလည်း ဦးခင်မောင်ကြိုင်က ဆိုသွားခဲ့သည်။
Next : ဆူဇူကီးတွင် ဆူပူ သောင်းကျန်း၍ ဖမ်းဆီးခံရပါက အာမခံဖြင့် ပြန်မထုတ် ပေး ဟု ဦးဖုန်းနိုင်ဇော် ဆို