မည်သူ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ပရိသတ်များ တခဲနက် လာရောက် အားပေးရန် ရန်အောင်ကျော် တိုက်တွန်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
0t3a9271
မြန်မာ့ လက်ရွေးစင် အသင်း ခေါင်းဆောင် ရန်အောင်ကျော်

AFF Suzuki Cup ပြိုင်ပွဲတွင် တိုက်စစ်မှူး ကျော်ကိုကို ပါခြင်း မပါခြင်းမှာ အရေးမ ကြီးဘဲ Suzuki ပြိုင်ပွဲ တွင် ပရိသတ် များ အနေဖြင့် တခဲနက် လာရောက် အားပေးကြစေ လိုကြောင်း မြန်မာ့ လက်ရွေးစင် အသင်းခေါင်းဆောင် ရန်အောင်ကျော်က ပြောကြား လိုက်သည်။

တိုက်စစ်မှူး ကျော်ကိုကို သည် အသင်း နည်းစနစ်နှင့် အံမ၀င်ဟုဆိုကာ မြန်မာနည်းပြ ဂတ်ဆီဇီ က မြန်မာ အသင်းမှ ချန်လှပ်ထားခဲ့သည်။ အဆိုပါ ချန်လှပ်ထားမှု နောက်ပိုင်းတွင် ပရိသတ် အချို့က ဂတ်ဆီဇီ၏ အဆုံးအဖြတ် ကို သဘောမကျခဲ့ပဲ ဝေဖန်မှုများ ရှိခဲ့သည်။ အင်ဒိုနီးရှား အသင်းနှင့် ခြေစမ်းပွဲ အပြီးတွင် ဂိုးမရှိသရေ ရလဒ် ဖြစ်ခဲ့ပြီး တစ်ပွဲလုံး ဂိုးပေါက်တည့်မှု ၂ ကြိမ်သာ ရှိခဲ့ပြီးနောက် ကျော်ကိုကို ပြန်လည်ခေါ်ယူရေး မခေါ်ယူရေး အငြင်းပွားမှုမှာ ပိုမို ပြင်းထန်လာ ခဲ့သည်။

“ဘောလုံး ပရိတ် သတ်တွေရော မီဒီယာတွေပါ ထင်နေကြ တာက ကျော်ကိုကို မပါရင် ဖြစ်ပါ့မ လားပေါ့။ အသင်းမှာ ကျွန်တော် အပါအ၀င် ဘယ်သူ ပါသည် ဖြစ်စေ ဘယ်သူ မပါသည် ဖြစ်စေ၊ အရေးမ ကြီးပါဘူး။ မြန်မာ ဘောလုံး အသင်း ကတော့ ရှိနေဦးမှာပါ။ စောင့်ကြည့်ပေး ကြပါ။ ကျွန်တော် တို့ ခြေစမ်းပွဲမှ မဟုတ်ဘူး။ ဘယ်ပြိုင်ပွဲ မဆို တစ်ရာ ရာခိုင်နှုန်း အပြည့် ကြိုးစား ကစား ပေးသွားမှာပါ။ ပရိသတ်တွေ အနေနဲ့ ပြိုင်ပွဲကျရင် တခဲနက် လာပြီး အားပေးကြဖို့ တိုက်တွန်း ပြောလို ပါတယ်” ဟု ရန်အောင်ကျော်က ပြောကြားသွားသည်။

ဆက်လက်ပြီး မြန်မာ အသင်း၏ အုပ်စု အနေအထားနှင့် ပတ်သတ်၍ ဗီယက်နမ် အသင်းမှာ တောင့်တင်း သည့် အသင်း ဖြစ်ပြီး မလေးရှားမှာ မြန်မာ နှင့် တန်းတူရှိ ကြောင်းနှင့် ကမ္ဘောဒီးယား အသင်းမှာ မှုလျော့တွက်လို့ မဖြစ်သည့် အသင်းဖြစ်ကြောင်း ၎င်းက တဆက် တည်း သုံးသပ် သွားခဲ့သည်။

comments

error: Content is protected !!