ဒဏ်ရာကြောင့် ချန်လှပ်ခံရခြင်း အတွက် ၀မ်းနည်း စိတ်မကောင်း ဖြစ်ရသည့် အောင်ဇော်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
14937975_1256530231070715_474874491_n
ဒူးဒဏ်ရာကြောင့် ချန်လှပ်ခံရသည့် အောင်ဇော်

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသည့် AFF Suzuki Cup ပြိုင်ပွဲတွင် ပါဝင် ကစားခွင့် ရလို သော်လည်း ဒဏ်ရာကြောင့် လက်ရွေးစင် စားရင်းမှ ချန်လှပ် ခံခြင်း အတွက် ၀မ်းနည်းမိကြောင်း ဟံသာဝတီ အသင်း ကစားမား အောင်ဇော်က ပြောကြားလိုက်သည်။

အောင်ဇော်၏ ဒူးဒဏ်ရာသည်  ကလပ် အသင်းတွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဂတ်၏ မြန်မာ့ လက်ရွေးစင် အသင်း ဥရောပ ခြေစမ်းခရီး ထွက်ရာတွင် လေ့ကျင့်ချိန်၌  ဒူး၌ပင် ထပ်မံ၍ ဒဏ်ရာရရှိခဲ့သည်။ မြန်မာ့ လက်ရွေးစင် အသင်း ပြန်လည်ရောက်ရှိ လာသည့် အချိန်တွင်လည်း လေ့ကျင့်ချိန် ၌ပင် အသင်းဖော် ကျော်ဇင်ဖြိုး နှင့် ထပ်မံ၍ ထိခိုက်မိခဲ့သည်။ အော်ဇော်သည် ဒဏ်ရာ အခြေအနေကြောင့် ပဏာမ လက်ရွေးစင် အသင်းမှ ချန်လှပ်ခံ ရခြင်းဖြစ်သည်။

” ကျွန်တော့် ဒူးကတော့ သက်သာ လာပြီး ဆိုပေမယ့် suzukiမှာ တော့ မပါ နိုင်တော့ဘူး။ Suzuki ပြိုင်ပွဲက အရှေ့တောင် အာရှမှာ အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ် သလို အိမ်ရှင် လည်းဖြစ်တော့ ကစားပေး ချင် တာပေါ့ဗျာ။ ဒါပေမယ့် ဒဏ်ရာကြောင့် နားလိုက် ရလို့ အတော် စိတ်မကောင်း ဖြစ်ပြီး ၀မ်းနည်း ရတယ်” ဟု အောင်ဇော်က ပြောကြား သွားသည်။

ဆက်လက်ပြီး အင်ဒိုနီးရှား နှင့်ခြေစမ်း ပွဲတွင် ကစားသွားသည့်   မြန်မာ့ လက်ရွေးစင် အသင်း ၏ ခြေစွမ်းမှာ အားရစရာမရှိ သေးသော်လည်း အသင်း လိုက်စိတ်ဓာတ် ပိုမိုကောင်းမွန် လာကြောင်း နှင့် တိုက်စစ်မှူးများ အဆုံးသတ်ပိုင်း သေချာ လာခဲ့မည် ဆိုပါက AFF Suzuki Cup တွင် အောင်မြင် လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက သုံးသပ်သွား ခဲ့သည်။

comments

error: Content is protected !!