၇နှစ်ကြာ နိုင်ပွဲမရှိ စံချိန် မချိုးနိုင်ခဲ့သည့် မြန်မာ
|
မြန်မာ့ လက်ရွေးစင် အသင်းသည် ဒေသတွင်း ပြိုင်ဘက် အင်ဒိုနီးရှား အသင်းကို ၇ နှစ်ကြာ နိုင်ပွဲ မရှိသေးသည့် စံချိန်အား ချိုးဖျက်နိုင်ခြင်း မရှိပဲ အိမ်ကွင်း တွင် ဂိုးမရှိသရေကျခဲ့သည်။ သို့သော် မြန်မာ့ လက်ရွေးစင် အသင်းသည် ပွဲဦးထွက် ခြေစမ်းပွဲ ဖြစ်ရာ အိုမန်နှင့် ခြေစမ်းမည့် ဒုတိယ ပွဲစဉ်တွင် ပိုမိုကောင်းမွန်သော ကစားကွက် ရလာ ပေလိမ့်မည်။
နည်းပြ ဂတ်ဆီဇီ၏ တိုက်စစ် အတွဲဖြစ်သည့် ၀င်းနိုင်စိုး၊ အောင်သူ၊ ကောင်းဆက်နိုင် အတွဲသည့် ထင်သလောက် အလုပ် မဖြစ်ခဲ့သည်ကို အားလုံး ကမြင်တွေ့ ခဲ့ရသည်။ သို့သော် ပြိုင်ပွဲ အကြို အစပွဲစဉ် ဖြစ်သည့် အတွက် အဆင် မပြေလှသော တိုက်စစ်ဟု အလျှင်စလို ကျွန်တော်တို့ မဆုံးဖြတ်စေ ချင်ပါ။ ဒုတိယ ခြေစမ်းပွဲ ဖြစ်သည့် အိုမန် ပွဲကို စောင့်ကြည့် ကြရပါဦးမည်။
ဂတ်ဆီဇီသည် အသင်းခေါင်း ဆောင် ရန်အောင်ကျော် အပါအ၀င် အောင်သူ၊ ၀င်းနိုင်စိုး၊ ရဲကိုဦး၊ ကောင်းဆက်နိုင် စသည့် အဓိက ကစား သမားများနှင့် ပွဲထွက် လာခဲ့ပြီး အင်ဒိုနီးရှား အသင်း ကလည်း ဒဏ်ရာရ ကစား သမားများမှ လွဲ၍ အဓိက ကစား သမားများ နှင့်ပွဲ ထွက်လာ ခဲ့သည်။
မြန်မာ အသင်းမှာ ပွဲချိန် ၁၅ မိနစ်ကျော် အထိသာ အင်ဒိုနီး ရှားနောက် တန်းကို ခြိမ်းခြောက် နိုင်ခဲ့ပြီး အကောင်း ဆုံးပုံစံကို မရရှိခဲ့ပေ။ ၁၆မိနစ်တွင် ကောင်းဆက်နိုင်မှ နောက်ခံလူများကို ဖြတ်ကျော်ပြီး ဖြတ် တင်ဘောပေး ပို့ခဲ့ရာ နောက်ခံလူများ ရှင်းထုတ်နိုင် ခဲ့သည်။ ထိုနောက်တွင် တန်ပြန် တိုက်စစ်မှ တဆင့် အင်ဒို တိုက်စစ်မှူး ဘိုအာစ့် နောက်ခံ လူများကိုဖြတ်ကျော် ကာ ဂိုးသမားနှင့် တစ်ဦး ချင်း ရင်ဆိုင်တွေ့ ဆုံ ခဲ့သောလည်း ဂိုးသမား ကျော်ဇင်ဖြိုး အကောင်းဆုံး ဟန့် တား နိုင်ခဲ့သည်။ အင်ဒိုနီးရှား အသင်းမှာ ပွဲအစပိုင်းတွင် အထနှေးနေ ခဲ့သောလည်း ပွဲချိန်ကြာ လာသည်နှင့်အမျှ မြန်မာအသင်း ဂိုးပေါက်ကို ခြိမ်းခြောက် လာခဲ့သည်။ ပထမပိုင်းတွင် မြန်မာ အသင်း၏ ဂိုးပေါက် တည်မှု တစ်ကြိမ်မှ မရှိခဲ့ခြင်းမှာ တိုက်စစ်ပိုင်း ပြဿနာ ရှိ လာပြီး လားဟု စိုးရိမ်စရာ ပင်ဖြစ်သည်။
ဒုတိယပိုင်း ၅၁ မိနစ်တွင် အင်ဒိုနီးရှား အသင်းမှ လူစား လဲမှုများ ပြုလုပ်လာခဲ့ပြီး ဦးဆောင်ဂိုး ရရှိရန် အားထုတ် လာခဲ့သလို မြန်မာ အသင်း ဘက်မှ လည်း ခြေစွမ်း ပျောက်ဆုံးနေ သည့် အောင်သူ အစား မောင်မောင်လွင် ထည့်သွင်းကာ ကစားပုံပြောင်း လဲခဲ့သည်။ ပွဲချိန် ၇၅မိနစ်တွင် တိုက် စစ်မှူး ၀င်းနိုင်စိုး အစား သန်းပိုင်ကို ထည့်သွင်းကာ တိုက်စစ်မြှင့်ခဲ့သော် လည်း ထူးခြား မလာခဲ့ပါ။
အင်ဒိုနီးရှား ကို အိမ်ကွင်းတွင် ဂိုးမရှိသရေ ကျပြီး ပွဲပြီးဆုံး သွားသည်။ အားမလို အားမရ ဖြစ်သူများ ရှိသည်။ မနိုင်၍ အပြစ် တင်သူများ ရှိသည်။ ခြေစွမ်း မသာ၍ အပြစ် ပြော သူများရှိသည်။
သို့သော် ခြေစမ်းပွဲသည် ခြေစမ်းခြင်း သာဖြစ်သည်။ အနိုင် အရှုံးများသည် သမိုင်း မရေးထိုးနိုင် . . . . ။ ယခု ပွဲသည် ဆူဇူကီး အကြို ခြေစမ်းပွဲ၊ ဆူဇူကီး ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ ဘာပြင်ရမလဲ သိသွားလျှင် အမြတ်ရပြီး။ နိုင် ရှုံး သရေ မလိုချင်ပါ။
Next : လက်ရှိခြေစွမ်းနှင့် AFF Suzuki Cup အောင်မြင်မှု မရနိုင်ဟု ဂတ်ဆီဇီ ၀န်ခံ