ခြေစွမ်းအရ ဗီယက်နမ်သာ အုပ်စုတက်ရန် သေချာဟု အင်ဒိုနီးရှားနည်းပြ ဟောကိန်းထုတ်
|
မြန်မာ အသင်း ပါဝင်သည့် အုပ်စု(ခ)တွင် ဗီယက်နမ် အသင်းသာ အုပ်စုတက်ရန် အခွင့်အရေး ရှိနေပြီး အုပ်စုဒုတိယ နေရာအတွက် အိမ်ရှင်မြန်မာနှင့် မလေးရှား အသင်းတို့ အခွင့်အရေး ဆတူရှိကြောင်း အင်ဒိုနီးရှားနည်းပြ ALFRED RIEDL က သုံးသပ်သွားခဲ့သည်။
” မြန်မာအသင်းက အသင်းကောင်း တစ်သင်းပါ။ နောက်တန်းကောင်းတဲ့ အသင်းတွေထဲမှာ မြန်မာ လည်းပါတယ်။ ပြိုင်ပွဲမတိုင်မီ အာဆီယံ အသင်းတွေနဲ့ ခြေစမ်းရာမှာ ဗီယက်နမ် ကတော့ ကစားရ အတော်ခက်တဲ့ အသင်းလို့ ဆိုရမှာပါ။ အုပ်စု (ခ)မှာ ဘယ်အသင်းတွေ အုပ်စုတက် မလဲလို့မေးရင် ဗီယက်နမ် အသင်းကတော့ အုပ်စု တက်ဖို့ သေချာ သလောက် ရှိတယ်လို့ မြင်ပါတယ်။ မြန်မာနဲ့ မလေးရှား ကတော့ အခွင့်အရေးတွေ ဆတူရှိတယ်။ အမှားနည်းတဲ့ အသင်းက အသာရသွားမှာပါ” ဟု ၄င်းက ဆိုသွားခဲ့သည်။ အင်ဒိုနီးရှား အသင်းမှာ မြန်မာနှင့်ခြေစမ်း ကစားခဲ့ရာတွင် ဂိုးမရှိ သရေကျခဲ့ပြီး ဖိလစ်ပိုင် အသင်းနှင့်ခြေစမ်း ဦးမည်ဖြစ်သည်။
ထို့ပြင် မြန်မာနှင့် ခြေစမ်းပွဲတွင် အင်ဒိုနီးရှား ကစား သမားများ၏ တစ်ဦးချင်း စွမ်းရည်ကို ဝေဖန် သွားခဲ့ပြီး တိုးတက် လာမှုမရှိပါက AFF Suzuki Cup တွင် အုပ်စုတက်ရန် မလွယ်ကူကြောင်း ၄င်းက ဆိုသွားခဲ့သည်။ အင်ဒိုနီးရှား အသင်းမှာ အုပ်စု (က) တွင် လက်ရှိ ချန်ပီယံ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင် အသင်းတို့နှင့် ကျရောက်နေ၍ အုပ်စုတက်ရန် ရုန်းကန် ရဖွယ်ရှိနေသည်။
Next : ဒဏ်ရာကြောင့် ချန်လှပ်ခံရခြင်း အတွက် ၀မ်းနည်း စိတ်မကောင်း ဖြစ်ရသည့် အောင်ဇော်