လက်ရှိခြေစွမ်းနှင့် AFF Suzuki Cup အောင်မြင်မှု မရနိုင်ဟု ဂတ်ဆီဇီ ၀န်ခံ
|
အင်ဒိုနီးရှား အသင်းနှင့် ကစားခဲ့သည့် ခြေစွမ်း အတိုင်းသာ ဆိုပါက ဆူဇူကီးပြိုင်ပွဲ တွင် အောင်မြင်ရန် မဖြစ်နိုင်ဟု မြန်မာ့ လက်ရွေးစင် အသင်း နည်းပြ ဂတ် ကပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။
မြန်မာနှင့်အင်ဒိုနီးရှားအသင်းတို့၏ ခြေစမ်းပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ ကွင်းတွင် ကစားခဲ့ရာ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိ သရေကျခဲ့ပြီး မြန်မာ ကစားသမားများ အပိုင်အခွင့် အရေးတချို့ကို အသုံးမချ နိုင်ခဲ့၍ ၄င်းက ယခုကဲ့သို့ သုံးသပ် သွားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အသင်းကစားပုံ ဒီနေ့ အကောင်းဆုံး ပုံစံမရခဲ့ဘူး။ ပွဲအစ ၁၅မိနစ်လောက်ပဲ ကောင်းကောင်း ကစားနိုင်ခဲ့ တယ်။ ဥရောပ ခြေစမ်း ခရီးမှာတုန်းက တချို့ပွဲတွေ မှာပြသ ခဲ့တဲ့ ခြေစွမ်းမျိုး ကို ဒီနေ့ မမြင်ရဘူး။ စိတ်ကူးထဲက လုပ်ချင် တာကို ခြေထောက် ဆီပို့ရမှာ နှေးနေတယ်။ ဒီအားနည်းချက်ကို မပြင်နိုင်ဘူးဆိုရင် ဆူဇူကီးမှာ အောင်မြင်ဖို့ ခက်ခဲ ပါလိမ့်မယ်။ ၀င်းနိုင်စိုးရဲ့ ကစားပုံက မဆိုးပါဘူး။ ဒါပေမယ့် ကျန်တဲ့သူတွေက ၆ကိုက်စည်း ထဲမှာဘောလုံးကို ထိန်းသိမ်းတာ ဒီထက်သပ် ရပ်ဖို့တော့လိုပါတယ်။ အောင်သူဆိုရင် ဒီနေ့ခြေစွမ်း မပြနိုင်ဘူး။ ဆိုပ်ပရပ်စ်မှာ တုန်းကဆိုရင် သူ့ခြေစွမ်းကို သဘောကျလို့ ဒေသခံကလပ် အသင်းတွေက တောင် စိတ်ဝင်တစား မေးမြန်းမှုတွေ တောင်ရှိခဲ့တယ်” ဟု မစ္စတာဂတ်က ပြောကြားသွားသည်။
ဆက်လက်ပြီး အင်ဒိုနီးရှား အသင်းနှင့် ခြေစမ်းပွဲတွင် သရေကျ ခဲ့သောကြောင့် မိမိတို့ အသင်းအတွက် ဖိအားမရှိသော်လည်း AFF Suzuki Cup အဖွင့်ပွဲစဉ်တွင် ရင်ဆိုင်ရမည့် ဗီယက်နမ် အသင်းနှင့်ပွဲတွင် ရလဒ် မကောင်းခဲ့ပါက ဖိအားများ ရှိနိုင်ကြောင်းလည်း ၄င်းက သုံးသပ် သွားခဲ့သည်။
Next : ခြေစွမ်းအရ ဗီယက်နမ်သာ အုပ်စုတက်ရန် သေချာဟု အင်ဒိုနီးရှားနည်းပြ ဟောကိန်းထုတ်