မြန်မာအသင်းရဲ့ မာကြောမှုကို အကဲဖြတ်ပေးမယ့် အင်ဒိုနီးရှား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
14962366_1254404321283306_1857561657_n
မြန်မာ့ လက်ရွေးစင်နည်းပြ ဂတ်ဆီဇီ နှင့် အင်ဒိုနီးရှား နည်းပြ အဲလ်ဖက် ရီဒဲလ်

နည်းပြကြီး ဂတ်ဆီဇီ၏ မြန်မာ့ လက်ရွေးစင် အသင်းသည် ပထမဆုံး အစမ်းသပ် ခံရမည့် ပွဲအဖြစ် နိုဝင် ဘာလ ၄ ရက်နေ့တွင် အင်ဒိုနီးရှား အသင်းနှင့် ခြေစမ်း ရမည်ဖြစ်သည်။ ဂတ်ဆီဇီနှင့် သူ၏ ကစား သမားများ ကတော့ အစဉ် သင့်ဖြစ်နေပြီဟု ကြေညာ လိုက်ပြီဖြစ်သည်။

ဆူဇူကီး ဖလားပြိုင်ပွဲ အကြို ပြင် ဆင်မှု အဖြစ် မြန်မာနှင့် အင်ဒိုနီးရှား အသင်းတို့သည် နိုဝင်ဘာ ၄ရက်နေ့ တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌  ခြေစမ်း ကစားကြ မည်ဖြစ်သည်။

ယခုနှစ် ဆူဇူကီး ပြိုင်ပွဲဝင် အသင်းများတွင် အမှောင်ထဲက အသင်းဟု အင်ဒိုနီးရှား အသင်းကို နိုင်ငံတကာ မီဒီယာ အချို့က တင်စားထားသည်။ FIFA ၏ အရေးယူ ခံရမှုမှ လွတ်မြောက် လာပြီးနောက် ပထမဆုံး ခြေစမ်းပွဲတွင် AFF Suzuki Cup ငွေတံဆိပ် ရထားသည့် မလေးရှား အသင်းကို ၃-၀ ဂိုး ဖြင့် အနိုင် ယူခဲ့ပြီးနောက် အားလုံး ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ အလားတူ လက်ရှိ အခြေအနေတွင် ခြေစွာနေပြီး ချန်ပီယံ ဖြစ်ရန် Tips ပြေးနေ သည့် ဗီယက်နမ် အသင်းကိုလည်း ၂ ဂိုးစီ သရေကျခဲ့သည်။

အင်ဒိုနီးရှား အသင်း အတွက် မြန်မာ အသင်းနှင့် ပွဲစဉ်သည် တတိယမြောက် ခြေစမ်းပွဲဖြစ်သည်။ အင်ဒိုနီး ရှားနည်းပြ အဲလ်ဖက် ရီဒဲလ်သည် ၁၉၉၈ ခုနှစ် ကတည်းက အာဆီယံ ဘောလုံးလောက ကိုခြေချခဲ့ပြီး အာဆီယံ နိုင်ငံများ အကြောင်း ခရေစေ့ တွင်းကျ သိသူ တစ်ယောက် ဖြစ်သည်။

အင်ဒိုနီးရှား အသင်းနည်းပြ Alfred Riedl က ” ကျွန်တော်တို့ အိမ်ကွင်းမှာ ခြေစမ်းပွဲ နှစ်ပွဲ ကစားပြီးပါပြီ။ အဝေးကွင်းမှာ ကစားချင်လို့ မြန်မာ အသင်းရဲ့ဖိတ်ကြားချက်ကို လက်ခံ လိုက်တာပါ။ မြန်မာ အသင်း ရဲ့ခြေစွမ်း ကို လေ့လာထားပါတယ်။ ခြေစွမ်း ထက်တဲ့ ကစား သမားတွေ ရှိတယ်ဆိုတာကို လည်း သိပါတယ်။ နှစ်သင်း စလုံးအတွက် ခက်ခဲမယ့် ပွဲစဉ်ပါ။ မြန်မာ အသင်းကို အနိုင်ယူ ဖို့ခက်ခဲမှာ ဖြစ်သလို ကျွန်တော်တို့ အသင်းက လည်း မြန်မာနိုင်ဖို့ ခက်ပါလိမ့်မယ် ” ဟု ပြောသွားသည်။

မြန်မာ့ လက်ရွေးစင်အသင်း အနေဖြင့် နောက်တန်း အားနည်းမှု ရှိသည်ဆိုသည့် ဝေဖန်မှု များ အပေါ် စိုးရိမ်စရာ မလိုကြောင်းနှင့် ခြေစမ်းပွဲ များတွင် ကစားသမားများ ဒဏ်ရာ မရရှိရေး ကို ဦးစားပေး သွားမည် ဟု ဂျာမန်လူမျိုး နည်းပြ ဂတ်ဆီဇီက ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင်  ထုတ်ဖော်ပြောကြား လိုက်သည်။

မြန်မာ နည်းပြ ဂတ်ဆီဇီကမှု ” အင်ဒိုနီး ရှားနဲ့ခြေစမ်းခွင့်ရတာ ကျေနပ်စရာပါ။ ပြည်ပ ထွက်ပြီး ခြေ စမ်း ချင်ပေမယ့် ကိုယ့်အိမ်ကွင်း၊ ကိုယ့် ပရိသတ်ရှေ့မှာ ခြေစမ်းခွင့် ရတာက လည်း ပြဿနာမရှိ ပါဘူး။ အသင်း ရဲ့နောက်တန်း အတွက် စိုးရိမ် စရာ တော့မရှိဘူး။ ဇော်မင်းထွန်း၊ သိန်းဇော်၊ ဖြိုကိုကိုသိန်း တို့ရှိပါတယ်။ ခြေစမ်းပွဲမှာ ဒဏ်ရာ အနာတရ မဖြစ်အောင် ထိန်း ကစား ဖို့တော့ ပြောထားတယ်။ တကယ် လို့ ဒဏ်ရာ ရခဲ့ရင်လည်း အသင့် အစားထိုး နိုင်မယ့် ကစား သမားတွေ ရှိပါတယ်”ဟု ဆိုခဲ့သည်။

comments

error: Content is protected !!