ဆူဇူကီး ဖလား အိမ်ရှင်ပြုလုပ်ခြင်း သတင်းစာ ရှင်းလင်းပွဲကို နိုဝင်ဘာ ၁၀ရက်တွင် ပြုလုပ်မည်
|
ဆူဇူကီး ဖလားပြိုင်ပွဲကို အိမ်ရှင်ပြုလုပ် ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ကြို တင်ပြင်ဆင်နေ မှုများ အား ရှင်းလင်း တင်ပြခြင်း အခမ်း အနားကို နိုဝင်ဘာ ၁၀ရက်နေ့ တွင် မြန်မာနိုင်ငံဘော လုံးအ ဖွဲ့ချုပ် တည်ရှိရာ Goal ဟိုတယ်တွင် ကျင်းပပြုလုပ် သွားမည်ဟု သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း အပါအ၀င် တာဝန်ရှိသူများ တက်ရောက် မည်ဖြစ်ပြီး ပြိုင်ပွဲ အတွက်ကြို တင်ပြင် ဆင်ဆောင် ရွက်နေများကို ရှင်း လင်းပြောကြားပြီး မီဒီယာများ ၏မေးမြန်းမှုများကို ဖြေကြား သွား မည်ဟု မြန်မာနိုင် ငံဘောလုံး အဖွဲ့ချုပ် မီဒီယာ တာဝန်ခံ ဦးဇော်မင်း ထိုက်က ပြောကြားခဲ့သည်။
” ဆူ ဇူကီးပြိုင်ပွဲကို အိမ်ရှင် လုပ်မှာဖြစ်လို့ ကြိုတင်ပြင်ဆင် ထားတာတွေကို မီဒီ ယာတွေ ကို ရှင်း လင်းပြောကြား မယ့် အခမ်းအနားပါ။ လက်ရွေးစင် အသင်း အတွက် ခြေစမ်းပွဲတွေ ဘယ်လိုစီ စဉ် ခဲ့ရတာတွေ၊ ခြေစမ်း ဖို့ အသင်းတွေ ဖိတ်ခေါ် ခဲ့ပေမယ့် မလာဖြစ်ခဲ့တဲ့ အကြောင်းတွေ၊ လက် မှတ်ဈေးနှုန်းတွေ၊ လုံခြုံရေး အပိုင်း ဆောင်ရွက် ထားမှုတွေကို ရှင်း လင်းပြောကြား သွား မှာပါ။ မီဒီယာတွေ အနေနဲ့ ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး သိလိုတာတွေ အားလုံး မေးမြန်းနိုင်ပါတယ်” ဟု ၎င်းက ဆိုသွားခဲ့သည်။
အတည်မပြုနိုင်သေးသော သတင်းများအရ ဆူဇူကီးပြိုင်ပွဲ လက်မှတ် ခနှုန်းထားများကို အထူးတန်း ၅ထောင်ကျပ်နှင့် ရိုးရိုးတန်း ၃ထောင်ကျပ် သတ်မှတ်မည်ဟု သတင်းများထွက် ပေါ်လျက်ရှိနေသည်။
Next : မြန်မာအသင်းရဲ့ မာကြောမှုကို အကဲဖြတ်ပေးမယ့် အင်ဒိုနီးရှား