ပွဲ ကြို ခြေစမ်းများ တွင် စွမ်းဆောင်ရည်ကို အကောင်းဆုံး ပြသရန် ကစားသမားများကို နည်းပြဂတ် တိုက်တွန်း
|
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆူဇူကီး ပြိုင်ပွဲ အတွက် နောက်ဆုံး ပြင်ဆင် သည့် ပွဲကြို ခြေစမ်း ပွဲနှစ်ပွဲ တွင် မိမိတို့၏ စွမ်းဆောင်ရည်ကို အကောင်းဆုံး ထုတ်ဖော်ပြ သကြရန် ကစားသမားများအား နည်းပြဂတ်က တိုက်တွန်းစကား ပြောကြားလိုက်သည်။
မြန်မာ့ လက်ရွေးစင် အသင်းမှာ ပွဲ ကြို ခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၄ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် လည်းကောင်း၊ နိုဝင်ဘာ ၁၄ရက်တွင် အာရှ အင်အားကြီး အိုမန်အသင်း တို့နှင့်လည်း ကောင်း ခြေစမ်းပွဲနှစ်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ညနေ၅နာရီတွင် ယှဉ်ပြိုင်ကစားကြ မည်ဖြစ်သည်။
“ခြေစမ်းပွဲဆိုပြီး ပေါ့ပေါ့ဆဆ ကစားလို့မရပါဘူး။ ဒီခြေစမ်းပွဲ နှစ်ပွဲက ဆူ ဇူကီး ပြိုင်ပွဲ အတွက် နောက်ဆုံးပြင်ဆင်တဲ့ ခြေစမ်းပွဲပါ။ ဒါကြောင့် ဒီခြေစမ်းပွဲ တွေမှာ ကျွန်တော့် အသင်း ဘယ်လောက်ထိ စွမ်းဆောင် ရည်ကောင်းလဲ ဆိုတာကို အကဲခတ်ကြ လိမ့်မယ်။ ကစားသမားတွေ အနေနဲ့လည်း ကိုယ့်ရဲ့ လုပ်နိုင် စွမ်းအားကို အကောင်းဆုံး အသုံး ချကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဂတ်က ပြောကြား သွားသည်။
မြန်မာ့လက်ရွေးစင် အသင်းနှင့် ပွဲဦးထွက် ခြေစမ်း ကစားမည့် အင်ဒိုနီးရှား လက်ရွေးစင်အသင်းသည် ဆူဇူကီး ဖလား အကြို ပြင်ဆင်မှု အဖြစ် မလေးရှား အသင်းနှင့် ခြေစမ်းခဲ့ရာ ၃ – ၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး ဗီယက်နမ် အသင်းနှင့် ဒုတိယ ပွဲစဉ် ခြေစမ်း ပွဲတွင် တစ်ဖက် နှစ်ဂိုးစီ သရေကျထားသည်။
မြန်မာ့ လက်ရွေးစင် အသင်းနှင့် ခြေစမ်းမည့် အင်ဒိုနီးရှား အသင်းမှာ နိုဝင်ဘာ၂ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည် ဖြစ်ပြီး နောက်တစ်နေ့တွင် ပွဲ ကြို သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တည်ရှိရာ Goal ဟိုတယ်၌ ပြုလုပ်သွားမည်ဖြစ်သည်။
Next : ဆူဇူကီး ဖလား အိမ်ရှင်ပြုလုပ်ခြင်း သတင်းစာ ရှင်းလင်းပွဲကို နိုဝင်ဘာ ၁၀ရက်တွင် ပြုလုပ်မည်