2016 AFF Suzuki Cup တွင် ပါဝင်နိုင်ရေး မျှော်လင့်ချက်ကို မစွန့်လွှတ်နိုင်သေးဟု ကျော်ကိုကိုဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
14914999_1251715404885531_643746476_n

မြန်မာ့ လက်ရွေးစင် နည်းပြ ဂတ်၏ ဆုံဖြတ်ချက်အရ နည်းစနစ် အံ့မ၀င်၍ အိမ်ပြန်အလွှတ် ခံခဲ့ရသော်လည်း နောင်ဆုံး အချိန် အထိ 2016 AFF Suzuki Cup တွင် ပါဝင် ကစားခွင့်ရရှိရေး မျော်လင့်ချက်ကို မစွန့်လွှတ်နိုင် သေးကြောင်း ကျော်ကိုကိုက ဖွင့်ဟခဲ့သည်။

ကျော်ကိုကိုသည် နည်းစနစ် အံ့မဝင်မှုကြောင့် ဥရောပ လေ့ကျင့်ရေး ခရီးစဉ် တစ်ဝက်တွင် အိမ်ပြန်လွှတ် ခံခဲ့သော်လည်း ဆံချည် တစ်မျှင်မျှ အခွင့်အရေး နည်းပါး လွန်းသော်လည်း မိမိ၏ မျှော်လင့်ချက်ကို မစွန့်လွှတ်နိုင် သေးကြောင်း ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းနည်းပြ ဂတ်က နည်းစနစ်နှင့် အံမ၀င်ဟုဆိုကာ ဥရောပ လေ့ကျင့်ခြေစမ်းခရီး မှပြန်လည်စေ လွှတ်ခြင်းခံ ခဲ့ ရသော တိုက် စစ်မှူး ကျော်ကိုကိုမှာ နိုင်ဝင်ဘာလ တွင်ကျင်းပမည့် ဆူဇူကီး ဖလားပြိုင်ပွဲတွင် ကစားခွင့် ရရန်မှာ ဖြစ်နိုင်ခြေ မရှိသလောက် နည်းပါး ခဲ့ပြီးဟု လက်ရွေးစင် အသင်း မန်နေဂျာ ဦးသန်းတိုးအောင်မှ ဖွင့်ဟပြောကြားခဲ့သည်။

အဆိုပါ ပြောစကားနှင့် ပတ်သတ်၍ ကျော်ကိုကိုက ” လက်ရွေးစင် ကစားသမား အဖြစ်နဲ့ ဆူဇူကီးမှာ ပါဝင် ကစားနိုင်ဖို့ ဆိုတာ ကျွန်တော့် မျှော်လင့်ချက်ပါ။ လက်ရွေးစင်မှာ ပါဖို့ သုည ရာခိုင်နှုန်း ပဲရှိတယ် ဆိုရင်တောင် ကျွန်တော် မျှော်လင့်နေ ဦးမှာပဲ။ တကယ်လို့ ပါဝင်ခွင့် မရခဲ့ဘူး ဆိုလည်း ဆူဇူကီးမှာ မြန်မာ့ လက်ရွေးစင် အသင်း အောင်မြင်ဖို့ ဆုတောင်းပေး နေမှာပါ” ဟု ကျော်ကိုကိုက ပြောကြား သွားခဲ့သည်။

ဆူဇူကီးပြိုင်ပွဲ အတွက် မြန်မာ့ လက်ရွေးစင် အသင်း၏ အပြီးသတ် ကစားသမား စာရင်းကို နိုဝင်ဘာလ ၁၄ရက်နေ့ တွင်ကစားမည့် အိုမန်နှင့်ခြေစမ်း ပွဲအပြီးတွင် ထုတ်ပြန်ကြေညာ ဖွယ်ရှိနေသည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလား ပြိုင်ပွဲ အကြို ပြင်ဆင်မှုအဖြစ် အင်ဒိုနီးရှား လက်ရွေးစင် အသင်းနှင့် နိုဝင်ဘာလ ၄ ရက်နေ့တွင် သုဝဏ္ဏ ကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

comments

error: Content is protected !!