AFC Cup ၀င်ခွင့် အပေါ်မူတည်၍ ပြည်ပကစားသမားများကို ရန်ကုန် ခေါ်ယူသွားမည်။

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
14429114_1381673361862513_205597504_n
ရန်ကုန် ယူနိုက်တက် CEO ဦးမင်းဆွေဦး

ရန်ုကုန် ယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် ရာသီကခေါ်ယူခဲ့သည့် ပြည်ပ ကစားသမားများကို စာချုပ် ထပ်မံ့ သက်တမ်းတိုးမည် မဟုတ်ပဲ  AFC ၀င်ခွင့် အပေါ်မှုတည်ကာ ပြည်ပ ကစားသမားများအား ခေါ်ယူသွားမည်ဟု အသင်း စီအီးအို ဦးမင်းဆွေဦးက ပြောကြားလိုက်သည်။

ပြီးခဲ့သည့်ရာသီတွင် လိဂ်အမှတ်ပေး ဇယားအဆင့်၃နေရာ၌ သာရပ်တည်ခဲ့သော ရန်ကုန် အသင်းသည် AFC Cup သို့ တိုက်ရိုက် ၀င်ခွင့်မရရှိဘဲ အာရှချန်ပီယံ လိဂ်ခြေစစ်ပွဲဝင်ရောက် ကစားခွင့်ရခဲ့သည့် လိဂ်ချန်ပီယံ ရတနာပုံအသင်းခြေစစ်ပွဲ အောင်မှသာ AFC Cupသို့ ၀င်ကစားခွင့် ရမည်ဖြစ်သည်။

“ပြီးခဲ့တဲ့ရာသီက ကစားခဲ့တဲ့ပြည်ပ ကစားသမားတွေ အားလုံးကို လာမယ့်ရာသီမှာ ဆက်မသုံးတော့ပါဘူး။ လာမယ့်ရာသီမှာ ပြည်ပကစားသမား ဘယ်နှစ်ယောက် ခေါ်မလဲဆိုတာတော့ AFC ၀င်ခွင့်ရတဲ့ အပေါ်မှုတည်ပါတယ်။ ၀င်ခွင့် ရရင် ၄ယောက်ခေါ်သွားမယ်။ ၀င်ခွင့် မရရင်တော့ ၃ ယောက်ပဲခေါ်ဖြစ်မယ်။ ကစားသမား ခေါ်ယူမှုနဲ့ပတ်သတ်ပြီး ရက်ပိုင်းအတွင်း အစည်းအဝေးခေါ်ဖို့ရှိတယ်”ဟု ဦးမင်းဆွေဦး ကပြောကြားခဲ့သည်။ ဆက်လက်ပြီး ၎င်းမှ စာချုပ်သက်တမ်း ကုန်ဆုံးရန် နီးကပ်နေသည့် ၀ါရင့် ကစားသမားများကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရာတွင် တစ်နှစ်ချင်းစီသာ သက်တမ်းတိုးစာချုပ်သွားမည်ဟု ဆိုသွားခဲ့သည်။

comments

error: Content is protected !!