ပရိသတ်များ မျှော်လင့်သလို ဖြစ်မလာ၍ စိတ်မကောင်း ဖြစ်ရကြောင်း မြန်မာယူ-၁၉ အုပ်ချုပ်သူ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
14305298_746818962123585_8230914238167366220_o
မြန်မာ ယူ - ၁၉ အသင်း အုပ်ချုပ်သူ ဦးစိုင်းခင်မောင်အေး

ထိုင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ခွင့်ရရန် တစ်သင်းလုံးကြိုးစား ကစားသွားခဲ့သော်လည်း အုပ်စုအဆင့်နှင့် ကျေနပ်ခဲ့၍ စိတ်မကောင်းဖြစ်ရကြောင်း မြန်မာ ယူ-၁၉အုပ်ချုပ်သူ ဦးစိုင်းခင်မောင်အေးက ပြောကြားသွားခဲ့သည်။

အုပ်စုနောက်ဆုံး ပွဲတွင် မြန်မာ အသင်းသည် ထိုင်းအသင်းကို အနိုင်ရရှိပြီး သြစတြေးလျအသင်းက  လာအိုကို ရှုံးနိမ့်ခဲ့ပါက ဆီးမီးဖိုင်နယ်သို့ တက်ရောက်ခွင့် ရမည်ဖြစ်သော်လည်း မြန်မာမှာ ထိုင်းကို သရေသာကစားနိုင်ခဲ့ပြီး သြစတြေးလျမှာ လာအိုကို အနိုင်ရရှိခဲ့၍ အုပ်စုအဆင့်နှင့် ကျေနပ်ခဲ့ရသည်။ ” ပြိုင်ပွဲ အတွက် ၃-၄လ လောက်ပဲပြင်ဆင်ချိန် ရခဲ့တာပါ။ အုပ်ချုပ်/နည်းပြ အဖွဲ့တွေရော ကစာသမားတွေပါ ပွဲစဉ်တိုင်းကို အကောင်းဆုံးကြိုးစားပြီး စွမ်းဆောင်သွားခဲ့ကြ တာပါ။ ဒါပေမယ့် အားလုံးမျှော်လင့် သလိုဖြစ်မလာခဲ့ပဲ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ရှေ့ဆက်ပြီး ဒီထက်ပိုကောင်း လာအောင် အသင်း ကိုပြင်ဆင်သွားမှာပါ” ဟု ဦးစိုင်းခင်မောင်အေးဖြေကြားခဲ့သည်။

မြန်မာအသင်းမှာ အာဆီယံယူ-၁၉ပြိုင်ပွဲအတွက် လေးနိုင်ငံ ဖိတ်ခေါ်ဖလား ပြိုင်ပွဲ အတွေ့အ ကြုံသာရှိထားပြီး ယင်းပြိုင်ပွဲတွင်လည်း အဆင့်လေး နေရာသာရရှိခဲ့သည်။ မြန်မာအသင်းသည် စက်တင်ဘာ ၂၁ရက်နေ့ညတွင် ဗီယက်နမ်နိုင်ငံမှ ရန်ကုန်သို့ပြန် လာမည်ဖြစ်သည်။

comments

error: Content is protected !!