နိုင်ငံခြားသားနည်းပြနှင့် ကစားသမားများအားဖြည့်မည့် ဆောက်သမ်း
|
လာမည့် ၂၀၁၇ ဘောလုံးရာသီ မှစတင်၍ ဆောက်သမ်း မြန်မာ အသင်းကို အင်းအားတောင့်တင်း စွာပြန်လည်ဖွဲ့စည်း မည်ဖြစ်ပြီး မြန်မာ့ လက်ရွေးစင် အသင်းအတွက် ကစားသမား ကောင်းများမွေးထုတ် ပေးနိုင်ရန် အဓိကရည်ရွယ်ထား ရှိသည်ဟု အသင်းမန်နေဂျာ ဦးမြင့်ကြူးက ပြောကြားလိုက်သည်။
ထို့ပြင် အသင်းအတွက် ပြည်ပနည်းပြ တစ်ဦးနှင့် နိုင်ငံခြားသား ကစားသမား ၃ဦးခေါ်ယူရန် ဖီဖာအသိအမှတ်ပြု အေးဂျင့်၎ဦးနှင့် ဆက်သွယ်ဆောင်ရွက် လျှက်ရှိနေကာ ပြည်တွင်း ကစားသမားများ အနေဖြင့် စိတ်ဝင်စားပါက အသင်းရုံးခန်း သို့လာရောက်လျှောက် ထားနိုင်ပြီး အရည်အချင်း ရှိပါက ထိုက်တန်သည့် လစာများပေးကာ ခေါ်ယူစာချုပ်သွားမည်ဟု သိရသည်။ “လာမယ့်ရာသီမှာ အသင်းကို AFC က သတ်မှတ်ထား တဲ့အချက်အလက်တွေနဲ့ အညီဖွဲ့စည်းသွာမယ်။ အသင်းကြီး အတွက် ပြည်ပနည်းပြ တစ်ဦးနဲ့ရှေ့၊ လယ်၊နောက်နေရာတွေမှာ အားဖြည့်ဖို့ နိုင်ငံခြားသား ကစားသမား ၃ဦးခေါ်မယ်။ အေ့ဂျင့်၎ယောက်နဲ့ ချိတ်ဆက်ပြီး ကိုယ်ရေး အချက်အလက် တွေတောင်း ထားတယ်။ ပြည်တွင်းက ဆိုရင်လည်း ၅သိန်းနဲ့ ၁၀သိန်းကြားရှိတဲ့ ကစားသမားတွေကိုခေါ်သွားမယ်။ အရည်အချင်းရှိတဲ့သူဆိုရင် အသင်းကြီးမှာ မကစားနိုင်ရင်တောင် လူငယ်အ သင်းတွေမှာ ပြုစုပျိုးထောင်ပေး မှာပါ။ ခုဆိုရင် အသင်းမှာ ကစားသမားတွေကော၊ နည်းပြတွေပါ လာလျှောက်နေတာ အများကြီးပဲ။ အဓိက ရည်ရွယ်ချက်ကတော့ နေရှင်နယ်လိဂ်မှာ အသင်းကြီးတစ်သင်း အဖြစ်ရပ်တည်ဖို့နဲ့ လက်ရွေးစင် အသင်းအတွက် ကစားသမား ကောင်းတွေမွေးထုတ်ပေးနိုင် ဖို့ရည်ရွယ်တာ ပါ”၎င်းက ဆိုသည်။
ထို့ပြင် လာမည့်ရာသီ တွင်လည်း အိမ်ကွင်း လက်ခံကျင်းပ သွားမည်ဟု လည်းသိရှိရသည်။ “အိမ်ကွင်းကတော့ အထွေအထူးပြင်စရာ တွေသိပ်မရှိတော့ ဘူး။ ပြင်ပအခြေခံ အဆာက်အဦးပိုင်း တွေက ပြီးသ လောက်ဖြစ်နေပြီ။ အတွင်း ပိုင်းပြင်ဆင်မှုတွေပဲ လုပ်ဖို့ကျန်တော့ တယ်” ၎င်းမှဆက် လက်ပြောကြား ခဲ့သည်။
ဆောက်သမ်း အသင်းသည်AFC မှသတ်မှတ်ချက်များနှင့် အညီ Youth Developmend Grassroot နှင့် အကယ်ဒမီသင်တန်း ကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက်ပါ ရည်ရွယ်ထား သည်ဟု လည်းသိရသည်။
Next : AFC Cup ၀င်ခွင့် အပေါ်မူတည်၍ ပြည်ပကစားသမားများကို ရန်ကုန် ခေါ်ယူသွားမည်။