တောင်းဆိုထားသည့် နစ်နာကြေး မရပါက မနောမြေနည်းပြ ဦးမင်းကြည် ဖီဖာအထိ တိုင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
14067913_680940208741503_2353190620672803435_o

 

အသင်းဖျက်သိမ်းခဲ့သည့် မနော်မြေအသင်း ထံတောင်းဆိုထားသည့် နစ်နာကြေးများ မရရှိပါက ဖီဖာအထိ တိုင်ကြားသွားမည်ဟု မနောမြေနည်းပြ ဦးမင်းကြည်က ပြောကြားလိုက်သည်။

မနောမြေ အသင်းသည် အုပ်ချုပ်/နည်းပြအဖွဲ့ဝင်များကို ပြီးခဲ့သည့် သြဂုတ်လစာ အပါအ၀င် ၃လစာပေးချေရန် ကျန်ရှိနေသေးပြီး ကစားသမားများကိုမှု ၁လစာပေးချေ ရန်ကျန်ရှိနေသည်။ သို့သော် အသင်းဘက်မှ တစ်လစာသာပေး မည်ဟုအကြောင်းပြန် ခဲ့သောကြောင့်၎င်းက ယခုကဲ့သို့ပြောကြား လိုက်ခြင်းဖြစ်သည်။

” ကျွန်တော်တို့ဘက်က တောင်းဆိုထား တာက ပြီးခဲ့တဲ့သြဂုတ်လ လစာရယ်၊ အသင်း ဖျက်သိမ်းလိုက်တဲ့ အတွက် နစ်နာကြေး ၃လစာကို တောင်းဆိုထားတာပါ။ စာချုပ်မရှိတဲ့ သူတွေတောင် အလုပ်ဖြုတ်ရင် နစ်နာကြေး ၃လစာ ရသေးတယ်။ ခုနေရှင်နယ်လိဂ် ၀က်ဆိုဒ်နဲ့ ဂျာနယ်တွေမှာ ရေးထားတာက တစ်လစာပဲပေးမယ်လို့ ပါလာတယ်။ တစ်လစာ ပဲပေးမယ် ဆိုရင်တော့ မယူတော့ဘူး။အသင်းနဲ့ ကျွန်တော်တို့ချုပ်ထားတဲ့စာချုပ်တွေက စာရွက် သက်သက်ပဲလား။ ဘာမှတန်ဖိုး မရှိတော့ဘူးလား။ တောင်းဆိုထားတဲ့ အတိုင်းကို အသင်းဘက်က ပဲဖြစ်ဖြစ်၊ ဘောလုံးအဖွဲ့ချုပ် ဘက်ကပဲဖြစ်ဖြစ် ဘယ်ဘက်ကပဲ ပေးပေးပါ။ ရတယ်ဆိုရင် ကျေနပ်တယ်။
တောင်းဆိုထားတဲ့ အတိုင်းမရဘူး ဆိုရင်တော့ AFC နဲ့ FIFAထိ တိုင်ကြား သွားမှာပါ”ဟု ဦးမင်းကြည်က ပြောကြားသွားခဲ့သည်။

ဆက်လက်ပြီး ၎င်းမှပင် ယခုရက်ပိုင်း အတွင်း မြန်မာနေရှင်နယ်လိဂ် စီအီးအိုဦးစိုးမိုးကျော် နှင့် တွေ့ဆုံသွားရန်ရှိပြီး တောင်းဆိုထား သည်များ မရရှိပါက သတင်းစာ ရှင်းလင်းပွဲပြုလုပ် သွားမည်ဟု လည်း၎င်းက ဆက်လက် ပြောကြားသွားခဲ့သည်။

“ကိုစိုးမိုးနဲ့ ဗုဒ္ဓဟူး၊ ကြာသပတေး တစ်ရက်ရက်တွေ့ဖို့ရှိပါ တယ်။ အဲဒီမှာတောင်း ဆိုထားတာ တွေကို ပြောပြမယ်။ ညှိနှိုင်းလို့ အဆင်မပြေဘူး ဆိုရင်တော့ သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမယ်။ပြီးရင် တတ်သိနားလည်တဲ့ သူတွေနဲ့တိုင်ပင်ပြီး AFCနဲ့ ဖီဖာထိ တိုင်သွားမယ်”ဟု ဆိုသွားခဲ့သည်။

comments

error: Content is protected !!