မြန်မာ ယူ-၁၉ အမျိုးသမီး အသင်း ဗီယက်နမ်ယူ-၁၉ အသင်းနှင့် ခြေစမ်းရန် စီစဉ်
|
မြန်မာ အမျိုးသမီး ယူ-၁၉ နည်းပြချုပ် ဦးဝင်းမြင့်သွင်
အာရှ ယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲ အတွက် ပြင်ဆင် လေ့ကျင့်လျှက်ရှိ နေသည့် မြန်မာယူ-၁၉ အမျိုးသမီး အသင်းသည် တရုတ်နိုင်ငံသို့ သွားရောက်မည့် လေ့ကျင့်ခြေစမ်း ခရီးစဉ်ပျက်ပြယ်ခဲ့ပြီးနောက် ဗီယက်နမ်ယူ-၁၉ အမျိုးသမီး အသင်းအား ခြေစမ်းရန်ဖိတ်ကြား ထားကြောင်းသိရှိ ရသည်။
ယခင်က စက်တင်ဘာလ တွင်တရုတ်နိုင်ငံ သို့လေ့ကျင့်ခြေစမ်းခရီး သွားရောက်ရန် စီစဉ်ထားသော်လည်း တရုတ်နိုင်ငံ တ၀ှမ်း ရေကြီးနေမှု အခြေအနေ များကြောင့် ခြေစမ်း ခရီးပျက်ပြ ယ်သွားခဲ့သည်။
“တရုတ်ခြေစမ်း ခရီးကတော့ ပျက်သွားပါပြီ။ ဗီယက်နမ်အ မျိုးသမီး အသင်းကိုတော့ ခြေစမ်းဖို့ ဖိတ်ထားတယ်။ ခုထက်ထိတော့ အကြောင်းပြန်ကြား လာခြင်းမရှိသေးပါဘူး။ ခြေစမ်းဖြစ်ရင်တော့ အောက်တိုဘာ ၇ ရက်နဲ့ ၉ရက်နေ့တွေမှာ ခြေစမ်းပွဲနှစ်ပွဲ ကစားဖို့စီစဉ်ထားတယ်” ဟု မြန်မာနိုင်ငံဘောလုံး အဖွဲချုပ် အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသွားခဲ့သည်။
မြန်မာယူ-၁၉အမျိုးသမီး အသင်းသည် အာရှယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲ၌ ထိုင်း၊ ပါလက်စတိုင်း၊ ကာဂျစ်စ္စတန် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။
အုပ်စုတွင်း အနေအထားနှင့် ပတ်သတ်၍ မြန်မာယူ-၁၉ အမျိုးသမီး အသင်းနည်းပြ ဦးဝင်းမြင့်သွင်ကို မေးမြန်းခဲ့ရာတွင် “အဓိကပြိုင်ရမှာက ထိုင်းအသင်းပါ။ တစ်သင်းပဲခြေစစ်ပွဲအောင်မှာ ဆိုတော့ ပွဲစဉ်တိုင်းကိုသ တိထားပြီးပြိုင်မှဖြစ်မယ်။ ကစားသမားတွေရဲ့ တိုးတက်မှုအနေ အထားကိုလည်း အားရပါတယ်။ ပြီးခဲ့တဲ့ ၉ရက်နေ့တုန်းက ဇွဲကပင်ယူ-၁၄ အမျိုးသား အသင်းနဲ့ခြေစမ်းတာ ၁ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပေမယ့် ကစားပုံကတော့ ကျေနပ်စရာပါ “ဟု ၎င်းက ဖြေကြားခဲ့သည်။
မြန်မာယူ-၁၉အမျိုးသမီးအသင်းမှာ ကစားသမား ၃၀ဦးဖြစ် စခန်းသွင်းလေ့ကျင့်လျှက်ရှိနေသည်။
Prev : မြန်မာအသင်း၏ ဥရောပခြေစမ်းခရီးတွင် အီတလီနိုင်ငံမပါဝင်တော့
Next : တောင်းဆိုထားသည့် နစ်နာကြေး မရပါက မနောမြေနည်းပြ ဦးမင်းကြည် ဖီဖာအထိ တိုင်မည်
Next : တောင်းဆိုထားသည့် နစ်နာကြေး မရပါက မနောမြေနည်းပြ ဦးမင်းကြည် ဖီဖာအထိ တိုင်မည်