မြန်မာ့ လက်ရွေးစင် အသင်း၏ ခြေစမ်းပွဲ ၂ ပွဲ ပျက်ပြယ်
|
မြန်မာ့ လက်ရွေးစင်ဘောလုံး အသင်းသည် ဥရောပခြေစမ်း ခရီးမသွားမီ ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲ၂ ပွဲကစားရန် စီစဉ်ခဲ့သော်လည်း ပျက်ပြယ် ခဲ့ပြီးဖြစ်ကြောင်း ဘောလုံးအဖွဲချုပ် အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြား သွားခဲ့သည်။
ဖီဖာ အသိအမှတ်ပြုခြေစမ်းပွဲ ၂ ပွဲအား ယခင်က သြဂုတ်လ ၂၉ရက်နှင့် စက်တင်ဘာ ၃ရက်နေ့ တို့တွင်ကစားရန် စီစဉ် ထားသော်လည်း ဖိတ်ကြားထားသည့် အသင်းများဘက်မှ ကမ္ဘာ့ ဖလားခြေစစ်ပွဲ ကစားမည့်ရက်နှင့် တိုက်ဆိုင်နေခြင်းနှင့် အချို့ အသင်းများမှာ အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ပွဲစဉ်အား စက်တင်ဘာ ၆ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းခဲ့သည်။ သို့သော်လည်း ယင်းရက် ၌ခြေစမ်းရန် အတွက် အသင်းများ ကမ်းလှမ်းခဲ့သော်လည်း အဆင်မပြေခဲ့၍ ခြေစမ်းပွဲကစားမည့် အစီအစဉ်ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်။
“ခြေစမ်းပွဲကတော့ ပျက်ပြယ်သွားပါပြီး။ ခြေစမ်းပွဲအတွက် အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ တရုတ်တိုင်ပေအသင်းတွေကို ဖိတ်ကြားထားပေမယ့် မလာနိုင်ကြဘူး။ အင်ဒိုနီးရှားကတော့ သူတို့ဆီမှာ ခြေစမ်းဖို့ အဆင်ပြေသလောက်ဖြစ်ခါနီးမှ ကွင်းအနေအထားကြောင့် ပျက်ပြယ်သွားတာပါ” ဟု ဦးကိုကိုသိန်းက ပြောကြားသွားသည်။
Next : ယှဉ်ပြိုင်နိုင်စွမ်း ရှိသော်လည်း ပြည်ပ အတွေ့အကြုံ မရှိ၍ စိုးရိမ်မိဟု မြန်မာ ယူ-၁၉ နည်းပြ ဆို