ယှဉ်ပြိုင်နိုင်စွမ်း ရှိသော်လည်း ပြည်ပ အတွေ့အကြုံ မရှိ၍ စိုးရိမ်မိဟု မြန်မာ ယူ-၁၉ နည်းပြ ဆို
|
မြန်မာ ယူ_၁၉ ကစားသမားများ ၏ခြေစွမ်းမှာ ပြိုင်ဘက်များကို ယှဉ်နိုင်စွမ်း ရှိသော်လည်း ပြည်ပ အတွေ့အကြုံ မရှိ၍ စိုးရိမ်မိသည်ဟု မြန်မာ ယူ_၁၉နည်းပြ ဦးမျိုး လှိုင်ဝင်းက ပြောကြား လိုက်သည်။ အာဆီယံ ယူ-၁၉ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉အသင်းသည် နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ အဖြစ် ပြည်တွင်း၌ ယှဉ်ပြိုင်ခဲ့သည့် KBZ Bank U-19 Cup လေးနိုင်ငံ ဖိတ်ခေါ် ဖလားပြိုင်ပွဲ အတွေ့အကြုံသာ ရှိသေးပြီး ပြည်ပပြိုင်ပွဲ အတွေ့အကြုံ မရှိသေးပေ။
“လက်ရွေးစင် အသင်းကြီး လိုတော့ အသင်းရဲ့ပုံစံက ဖျော်ဖြေမှု မပေးနိုင်သေးဘူး။ အုပ်စုတွင်း အနေအထားကို သုံးသပ်ရရင် ပြိုင်ဘက်တိုင်း ကိုတော့ သတိထားပြီး ယှဉ်ပြိုင်ရမှာပါ။ ကျွန်တော် အရင်တုန်း ကပြောခဲ့သ လိုပါပဲ။ တစ်ပွဲချင်းစီကို အာရုံစိုက်ပြီး ယှဉ်ပြိုင်သွား မှာပါ။ ကစားသမားတွေ ရဲ့အခြေအနေ ကတော့ ပြိုင်ဘက်တွေကို ယှဉ်နိုင်စွမ်း ရှိပေမယ့် အတွေ့အကြုံက ပြည်တွင်းပြိုင် ပွဲတွေပဲရှိတယ်။ ပြည်ပ ထွက်ပြီး ကစားဖူးတဲ့ အတွေ့ အကြုံမရှိတော့ ကစား သမားတွေရှိန်နေ မှာကို စိုးရိမ်မိတယ်” ဟု ဦးမျိုးလှိုင်ဝင်း ကပြောကြား သွားခဲ့သည်။
အာဆီယံ ယူ-၁၉ပြိုင်ပွဲတွင် မြန်မာ အသင်းမှာ အုပ်စု(ခ)၌ ထိုင်း၊ သြစတြေလျ၊ အင်ဒိုနီးရှား၊ လာအို၊ တရုတ် တိုင်ပေ အသင်းတိုနှင့် အတူ ကျရောက် လျှက်ရှိနေပြီး အိမ်ရှင် အဖြစ်ကျင်းပမည့် ဗီယက်နမ် နိုင်ငံသို့ စက်တင်ဘာလ ၉ ရက်နေ့တွင် ထွက်ခွါမည်ဖြစ်သည်။
Next : ကစားသမားများအား ပေးရန်ရှိသည့် လစာများကို အသင်းပိုင်ရှင်သစ်မှ ပေးချေရမည်