ဂွါဒီယိုလာနှင့် ဘိုင်ယန်မြူးနစ်ဆေးအဖွဲ့ ပြဿနာဖြစ်ပွားခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆေးအဖွဲ့နှင့် အချင်းများခဲ့သည့် ဂွါဒီယိုလာ

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက အသင်းတွင်းအချင်းများခဲ့မှုအကြောင်း အသေးစိတ်ဖွင့်ဟခဲ့ပြီးနောက် ဂျာမနီ၏အအောင်မြင်ဆုံးကလပ်အား အတွင်းသူလျှိုက ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဂျာမန်သတင်းစာ Bild က ဂွါဒီယိုလာမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် အက်သလက်တီကိုအား အရေးနိမ့်ခဲ့ပြီးနောက် အသင်းဆေးအဖွဲ့ကို ကစားသမားများဒဏ်ရာရပြီးနောက် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝအောင်ဆောင်ရွက်ပေးရန် အချိန်ဆွဲလွန်းသည်ဟု ဒေါသတကြီးစွပ်စွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်၍ သောကြာနေ့ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက”အများအားဖြင့်တော့ အသင်းတွင်းဖြစ်တဲ့ကိစ္စက အသင်းတွင်းမှာပဲ ထားရမှာပါ။ ဒါပေမဲ့ ကျွန်တော်က နောက်ရာသီကျရင် ဒီမှာရှိတော့မှာမဟုတ်လို့ ကျွန်တော့်ပြဿနာမဟုတ်ဘဲ ဘိုင်ယန်မြူးနစ်အတွက် ပြဿနာဖြစ်လာလိမ့်မယ်။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဒီလိုကိစ္စက အများကြီးဖြစ်ဖူးတယ်။ ကျွန်တော့်ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို စကားပြောတာ၊ ထင်မြင်ချက်ပေးတာက သာမန်ပါပဲ။ ဒါပေမဲ့ ကျွန်တော့်ကို ထိခိုက်စေချင်လို့ ပြောနေကြတဲ့ အသင်းထဲက တခြားလူတွေလည်း ရှိနေပါတယ်။ အဲဒီလူက နောက်ရာသီကျရင်လည်း ဒီမှာဆက်ရှိနေလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက ကျွန်တော့်ကို မထိခိုက်ဘဲ အသင်းကိုပဲ ထိခိုက်တယ်ဆိုတာ သူနားမလည်ပါဘူး။ ဒီကလပ်မှာ အကောင်းဆုံးကြိုးစားပေးခဲ့တယ်။ ချန်ပီယံလိဂ်ရမှဆိုရင်လည်း ကျွန်တော်မအောင်မြင်ဘူးပေါ့။ ကျွန်တော်မအောင်မြင်ဘူးလို့သာ ရေးလိုက်ပါ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!