ဒိုင်နမိုဘူခါရက်နှင့် ကင်မရွန်းကွင်းလယ်လူ အီကိန်း ပွဲကစားနေစဉ် လဲကျသေဆုံး
|
ရုရှားလိဂ်ပွဲစဉ်တစ်ခုမှ အီကိန်း၏ကစားဟန်
ဒိုင်နမိုဘူခါရက်နှင့် ကင်မရွန်းကွင်းလယ်ကစားသမား ပက်ထရစ်အီကိန်းမှာ ပွဲကစားနေစဉ်အတွင်း နှလုံးဖောက်ကာ လဲကျသေဆုံးခဲ့ပြီး ၎င်း၏အသက်မှာ ၂၆ နှစ်သာရှိသေးကြောင်း သိရှိရသည်။
အီကိန်းမှာ ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် ရုရှားပြည်တွင်းလိဂ်ပွဲစဉ်တစ်ခုတွင် ပွဲချိန်မိနစ် ၇၀ အရောက်၌ လဲကျသွားခဲ့ကာ ဆေးရုံသို့ပို့ဆောင်ပြီး ၂ နာရီအကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
၂၀၀၃ ခုနှစ်ကလည်း ကင်မရွန်းလက်ရွေးစင်ကစားသမား ဗီဗီယန်ဖိုးမှာ ပြင်သစ်တွင် ကိုလံဘီယာနှင့် ကွန်ဖက်ဒရေးရှင်းဖလားပွဲကစားနေစဉ် လဲကျသေဆုံးခဲ့ဖူးသည်။
Prev : ဂွါဒီယိုလာနှင့် ဘိုင်ယန်မြူးနစ်ဆေးအဖွဲ့ ပြဿနာဖြစ်ပွားခဲ့
Next : မြန်မာ့ လက်ရွေးစင် အသင်း၏ ခြေစမ်းပွဲ ၂ ပွဲ ပျက်ပြယ်
Next : မြန်မာ့ လက်ရွေးစင် အသင်း၏ ခြေစမ်းပွဲ ၂ ပွဲ ပျက်ပြယ်