အဓိက ကစားသမားများကို ၁ နှစ်ထပ်ကစားပေးရန် ရေနီယာရီတောင်းဆို
|
လက်စတာနည်းပြ ကလော်ဒီယိုရေနီယာရီက ပရီးမီးယားလိဂ်ဖလားရကစားသမားများကို အသင်းတွင် ၁ နှစ်ဆက်ကစားပေးရန် တောင်းဆိုလိုက်သည်။
လက်စတာမှာ အားကစားလောကအတွက် အံ့သြသင့်စရာအကောင်းဆုံးအောင်မြင်မှုအဖြစ် ပရီးမီးယားလိဂ်ဖလားကို ပေါင် ၅၇ သန်းသာတန်ကြေးရှိသည့် ကစားသမားအင်အားဖြင့်ရရှိခဲ့ပြီး မာရက်ဇ်၊ ကန်တီနှင့် ဗာဒီတို့မှာလည်း နာမည်ကျော်ကြားလာကာ အခြားအသင်းကြီးများ၏စိတ်ဝင်စားမှု ခံလာရသည်။
ထိုအဖြစ်နှင့်ပတ်သက်၍ ရေနီယာရီက “ကျွန်တော် အရမ်းအရမ်းကို ယုံကြည်မှုရှိတယ်။ အသင်းကနေ မထွက်ကြပါနဲ့။ တခြားအသင်းကိုသွားရင် ပွဲကစားခွင့်မရတာတွေ ဖြစ်လာနိုင်တယ်။ ကျွန်တော့်အသင်းအတွက်လည်း နာမည်ကြီးတွေခေါ်မှာမဟုတ်ဘူး။ ကျွန်တော့်ကစားသမားတွေက ခြေစွမ်းကောင်းပြီးသားပါ။ ကစားသမားကောင်းတချို့တော့ခေါ်မယ်။ ဒါပေမဲ့ အဲဒီကစားသမားတွေကလည်း လက်ရှိကစားသမားတွေလို စိတ်ဓာတ်မျိုးရှိရမယ်။ မာရက်ဇ်ဆက်နေဖို့က ၅၀-၅၀ လို့ သူ့အေးဂျင့်က ပြောထားပေမယ့် သူဆက်နေမှာ ၉၉ ရာခိုင်နှုန်းသေချာပါတယ်။ ကျွန်တော့်အသင်းက ကစားသမားအားလုံးကို ၁ နှစ်ဆက်ကစားဖို့ အကြံပြုချင်ပါတယ်”ဟု ပြောကြားခဲ့သည်။
Next : အသင်း၏စွမ်းဆောင်ရည်ကို ချီးကျူးရန် စကားလုံးရှာမတွေ့ခဲ့ကြောင်း ကလော့ပ်ဖွင့်ဟ