အသင်း၏စွမ်းဆောင်ရည်ကို ချီးကျူးရန် စကားလုံးရှာမတွေ့ခဲ့ကြောင်း ကလော့ပ်ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Untitled-1
Photo: အောင်ပွဲခံနေသော ကလော့ပ် (Getty Images)

ယမန်နေ့က ဗီလာရီးရဲလ်ကိုအနိုင်ရပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ ၉ နှစ်အတွင်း ပထမဆုံးတက်ရောက်နိုင်ခဲ့သည့်ပွဲစဉ်အပြီးတွင် မိမိတို့အသင်း၏စွမ်းဆောင်ရည်ကို ချီးကျူးဂုဏ်ပြုရန် စကားလုံးများပင် ပျောက်ရှခဲ့ရကြောင်း လီဗာပူးနည်ြး
ပယာဂင်ကလော့ပ်က ပြောကြားခဲ့သည်။

ပထမအကျော့က ဗီလာရီးရဲလ်ကွင်းတွင် ၁-၀ ဖြင့်ရှုံးနိမ့်ခဲ့သော လီဗာပူးသည် ယမန်နေ့က အိမ်ကွင်းအန်ဖီးလ်၌ စွမ်းဆောင်ရည်ကောင်းများပြသ၍ ၃-၀ ဖြင့်အနိုင်ရခဲ့သောကြောင့် နှစ်ကျော့ပေါင်း ၃-၁ ဖြင့်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြ
င်းဖြစ်သည်။

“အသင်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးဖို့ အသင့်တော်ဆုံး စကားလုံးကို ကျွန်တော်ရှာမတွေ့ပါဘူး။ ကျွန်တော်တို့ဟာ စိတ်အားထက်ထက်သန်သန်နဲ့ လှပတဲ့ဂိုးတွေကို အကောင်းဆုံးသွင်းယူနိုင်ခဲ့ပါတယ်”ဟု ယာဂင်ကလော့ပ်က ဖွင့်ဟ
သွားခဲ့သည်။

လီဗာပူးသည် ဗိုလ်လုပွဲတွင် လက်ရှိ ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာကို ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့ရှိ စိန့်ဂျက်ကော့ဘ်ပတ်ခ်၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Photo: အောင်ပွဲခံနေသော ကလော့ပ် (Getty Images)

comments

error: Content is protected !!