ဟယ်ရီကိန်းကို စံချိန်တင် လုပ်ခလစာ ပေါင် ၁၀၀၀၀၀ ပေး၍ စာချုပ်သစ်ချုပ်ဆိုရန် စပါးစီစဉ်နေ
|
စပါးသည် တိုက်စစ်မှူးဟယ်ရီကိန်းကို အသင်းသမိုင်းတစ်လျှောက် လုပ်ခလစာအမြင့်ဆုံးကစားသမားအဖြစ် တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀၀၀ ပေး၍ စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်းသိရသည်။
အဆိုပါ လစာသည် လက်ရှိဟယ်ရီကိန်းရရှိသော ပေါင် ၅၀၀၀၀ ၏ ၂ ဆဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးလစာဖြစ်သော ပေါင် ၈၀၀၀၀ ကိုလည်း ကျော်လွန်နေသည်။
အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းသည် ၅ နှစ်သက်တမ်းရှိသော လက်ရှိစာချုပ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကမှ ချုပ်ဆိုထားခြင်းဖြစ်သော်လည်း ခြေစွမ်းပြကာ ဂိုးများသွင်းယူနေသဖြင့် ၎င်းကို အသင်းက လစာတိုးပေး၍ ဂုဏ်ပြုရန်စီစဉ်
နေခြင်းလည်းဖြစ်သည်။
နည်းပြပိုချက်တီနိုသည်လည်း အသင်းနှင့် ၅ နှစ်စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီခဲ့ပြီး ကွင်းလယ်လူ အဲရစ်ဆင်ကိုလည်း ပေါင် ၈၀၀၀၀ ဖြင့် ၄ နှစ်ခွဲ စာချုပ်ချုပ်ဆိုရန် စပါးအသင်းပြင်ဆင်နေကြောင်းသိရသည်။
Photo: စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်း (Getty Images)
Next : ဂွါဒီယိုလာနှင့် ဘိုင်ယန်မြူးနစ်ဆေးအဖွဲ့ ပြဿနာဖြစ်ပွားခဲ့