တိုက်စစ်မှူးလူကာတိုနီ ဘောလုံးသမားဘ၀မှ အနားယူတော့မည်
|
ဗီရိုနာနှင့် အီတလီတိုက်စစ်မှူးဟောာင်း လူကာတိုနီသည် ယခုတစ်ပတ်တနင်္ဂနွေနေ့တွင် အသင်းဟောင်းဂျူဗင်တပ်နှင့်ယှဉ်ပြိုင်မည့် ပွဲစဉ်အပြီး၌ ဘောလုံးသမားဘ၀မှ အနားယူတော့မည်ဖြစ်ကြောင်း အတည်ပြုသွားခဲ့သည်။
၂၀၀၆ ခုနှစ်က အီတလီအသင်းနှင့်အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့သော တိုနီသည် စီးရီးအေရှိ အသင်း ၈ သင်းတွင် ကစားခဲ့ဖူးပြီး ၃၄၃ ပွဲအတွင်း ၁၅၆ ဂိုးသွင်းယူနိုင်ခဲ့သည်။
အသက် ၃၈ နှစ်ရှိ တိုနီသည် ပြီးခဲ့သည့်ဘောလုံးရာသီက ၂၂ ဂိုးဖြင့် စီးရီးအေ ရွှေဖိနပ်ဆုကို အိုင်ကာဒီနှင့်ပူးတွဲရယူနိုင်ခဲ့ပြီး အသက်အကြီးဆုံး စီးရီးအေရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့သည်။
တိုနီသည် ၂၀၀၇-၂၀၀၈ ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်တွင်ကစားခဲ့စဉ် ဘွန်ဒက်စ်လီဂါထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး ၂၀၀၅-၂၀၀၆ ဘောလုံးရာသီ၌လည်း ဖီအိုရင်တီးနားနှင့်အတူ ဥရောပရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့သည်။
Photo: ကစားသမားဘ၀မှ အနားယူတော့မည့် တိုနီ (Getty Images)
Next : လက်ဖြင့်ဂိုးသွင်းယူရန်ကြိုးပမ်းခဲ့သော်လည်း ရော်နယ်ဒို ထုတ်ပယ်မခံခဲ့ရ