လက်ဖြင့်ဂိုးသွင်းယူရန်ကြိုးပမ်းခဲ့သော်လည်း ရော်နယ်ဒို ထုတ်ပယ်မခံခဲ့ရ
|
ယမန်နေ့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုသည် လက်ဖြင့်ဂိုးသွင်းယူရန် ကြိုးပမ်းခဲ့သော်လည်း ကွင်းလယ်ဒိုင်မှထုတ်ပယ်ခြင်းမရှိခဲ့သဖြင့် ဝေဖန်ခံခဲ့ရသည်။
အဆိုပါပွဲကို ကိုင်တွယ်သော ကွင်းလယ်ဒိုင်လူကြီး စကိုမီနာသည် ပထမပိုင်းတွင် မှန်ကန်စွာကြီးကြပ်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဆုံးဖြတ်ချက်အချို့မှားယွင်းခဲ့ဖွယ်ရှိသည်။
ရော်နယ်ဒိုသည် ပထမပိုင်းအတွင်း မန်စီးတီးနောက်ခံလူဆက်ဂ်ညာအားဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့သောကြောင့် အ၀ါကတ်တစ်ကြိမ်ပြသခဲ့ရသည်။
သို့သော် ပွဲချိန် ၆၅ မိနစ်တွင် ဘောလုံးကို လက်ဖြင့်ရည်ရွယ်ချက်ရှိရှိဂိုးသွင်းယူရန်ကြိုးပမ်းခဲ့သဖြင့် ရော်နယ်ဒိုအား အ၀ါကတ်ထပ်မံပြသ၍ထုတ်ပယ်သင့်သော်လည်း ဒိုင်လူကြီးစကိုမီနာက ထိုကဲ့သို့အပြုအမူမျိုးထပ်မံမပြုလုပ်ရန်သာ
သတိပေးခဲ့သည်။
ထို့အပြင် မိနစ် ၈၀ တွင် ရီးရဲလ်မှ ဗက်ဇ်ကွက်ဇ်သည် မန်စီးတီး၏ လူစားဝင်တိုက်စစ်မှူး စတာလင်အား ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့သော်လည်း ထုတ်ပယ်ခံရခြင်းမရှိခဲ့ချေ။
Photo: လက်ဖြင့်ဂိုးသွင်းယူရန်ကြိုးပမ်းခဲ့သည့် ရော်နယ်ဒို (Getty Images)
Next : အဓိက ကစားသမားများကို ၁ နှစ်ထပ်ကစားပေးရန် ရေနီယာရီတောင်းဆို