ရှုံးနိမ့်ခဲ့သော်လည်း နောင်တမရကြောင်း ပယ်လီဂရီနီပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Untitled-1
Photo: ရီးရဲလ်နှင့်ပွဲတွင်တွေ့ရသည့် ပယ်လီဂရီနီ (Getty Images)

ယမန်နေ့ကယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်၍ ပြိုင်ပွဲမှထွက်ခဲ့ရသော်လည်း နောင်တမရကြောင်း မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။

အဆိုပါပွဲစဉ်တွင် ဂါရတ်ဘေးလ်၏ ဖြတ်တင်ဘောသည် မန်စီးတီးကွင်းလယ်လူ ဖာနန်ဒိုနှင့်ထိကာ ဂိုးဝင်သွားခဲ့သောကြောင့် ရီးရဲလ်က ၁-၀ ဖြင့်အနိုင်ရခဲ့ပြီး မေလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ဗိုလ်လုပွဲစဉ်ကို အက်သလက်တီကိုနှင့် ယှ
ဉ်ပြိုင်ရမည်ဖြစ်သည်။

ပွဲကိုချဉ်းကပ်သည့် နည်းစနစ်၊ အသင်းလူစာရင်းတို့နှင့်ပတ်သက်၍ နောင်တရသလောဟု မေးမြန်းခဲ့ရာ ပယ်လီဂရီနီက “မရပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ ရှုံးဖို့မထိုက်တန်ပါဘူး။ သူတို
့ဂိုးက ကံကောင်းလို့ ရခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

အဆိုပါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ် အသာရခဲ့ပြီး ၁၅ ကြိမ်ဂိုးကန်သွင်းခွင့်ရကာ ၅ ကြိမ်ဂိုးပေါက်တည့်ခဲ့သော်လည်း မန်စီးတီးက ကန်သွင်းခွင့် ၂ ကြိမ်သာရပြီး တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့သည်။

Photo: ရီးရဲလ်နှင့်ပွဲတွင်တွေ့ရသည့် ပယ်လီဂရီနီ (Getty Images)

comments

error: Content is protected !!