ငွေကြေးကြွယ်ဝသောအသင်းများသာ အောင်မြင်မှုရတတ်ကြောင်း ရေနီယာရီဖွင့်ဟ
|
လက်စတာနည်းပြ ရေနီယာရီက ယခုနှစ်တွင် မိမိတို့အသင်းပရီးမီးလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သော်လည်း လာမည့်ဆယ်စုနှစ် ၂ ခု ခန့်အထိ ငွေကြေးအင်အားတောင့်တင်းသောအသင်းများသာ ပရီးမီးယားလိဂ်ကို စိုးမိုးနိုင်မည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
လက်စတာကစားသမားများ၏ စုစုပေါင်းတန်ကြေးမှာ ပေါင် ၅၇ သန်းခန့်သာရှိပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ပိုင်း ၁၀ သင်းအတွင်း အနည်းဆုံးလည်းဖြစ်သည်။
“ငွေကြေးအင်အားတောင့်တင်းရင် အသင်းကြီးဖြစ်အောင်လုပ်လို့ရပါတယ်။ ပြီးတော့ အများအားဖြင့် အသင်းကြီးတွေသာ အောင်မြင်မှုရတတ်ပါတယ်။ လာမယ့်ဘောလုံးရာသီဟာ နောက်လာမယ့် ၁၀ နှစ်၊ နှစ် ၂၀ လောက်အထိ ဘာမှ
ထူးထူးခြားခြားရှိမှာမဟုတ်ပါဘူး”ဟု ရေနီယာရီက ပြောကြားခဲ့သည်။
ရေနီယာရီဆိုလိုသည့်အဓိပ္ပါယ်မှာ ၁၉၇၈ ခုနှစ်တွင် နော်တင်ဟမ်ဖောရက်စ်အသင်းချန်ပီယံဖြစ်ခဲ့ပြီးနောက် ၁၉၉၅ ခုနှစ်မှ ဘလက်ဘန်းအသင်းက နောက်တစ်ကြိမ်ချန်ပီယံဖြစ်ခဲ့သဖြင့် ယခုကဲ့သို့ထူးခြားဖြစ်စဉ်မျိုးမှာ နှစ် ၂၀ ခန့်ကြာမှ
တစ်ကြိမ်သာဖြစ်တတ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။
“နော်တင်ဟမ်နဲ့ဘလက်ဘန်းတို့ ချန်ပီယံဆုရပြီးတော့ တခြားအသင်းငယ်တစ်သင်း ချန်ပီယံဖြစ်ဖို့ ဘယ်လောက်ကြာခဲ့လဲဆိုတာ ကြည့်ပါ။ အကောင်းဆုံးကးစားတွေကို ခေါ်ယူနိုင်စွမ်းရှိတဲ့ အချမ်းသာဆုံးအသင်းကြီးတွေသာ အောင်မြ
င်မှုရလေ့ရှိကြတာပါ”ဟု ရေနီယာရီက ဖွင့်ဟသွားခဲ့သည်။
Photo: လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ရေနီယာရီ (Getty Images)
Next : ဖယ်လိုင်နီနှင့်ရောဘတ်ဟုသ်တို့ ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ