ဖယ်လိုင်နီနှင့်ရောဘတ်ဟုသ်တို့ ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ
|
Photo: အချင်းများခဲ့သည့် ဖယ်လိုင်နီနှင့်ရောဘတ်ဟုသ် (Getty Images)
မန်ယူကွင်းလယ်လူဖယ်လိုင်နီနှင့် လက်စတာနောက်ခံလူရောဘတ်ဟုသ်တို့အား ပွဲချိန်အတွင်းကြမ်းတမ်းစွာပြုမူသည့်စွဲချက်ဖြင့် အက်ဖ်အေမှ ၃ ပွဲစီ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းသိရသည်။
တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်ကွင်းတွင် ၁-၁ သရေရလဒ်ထွက်ပေါ်ခဲ့သော ပွဲစဉ်၌ လက်စတာနောက်ခံလူ ရောဘတ်ဟုသ်သည် ဖယ်လိုင်နီ၏ဆံပင်ကို ဆွဲခဲ့သောကြောင့် ဖယ်လိုင်နီက တံတောင်ကိုမြှောက်၍ပြန်လည် တုံ့ပြန်ခဲ့သည်။
အဆိုပါဖြစ်ရပ်ကို ပွဲကြီးကြပ်သူများက မြင်တွေ့ခဲ့ခြင်းမရှိသော်လည်း ရုပ်သံပြကွက်များတွင် ပြန်လည်စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့ကြောင့် အဆိုပါကစားသမား ၂ ဦးအား အက်ဖ်အေက ၃ ပွဲစီ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ယနေ့ညနေမတိုင်မီအထိ အယူခံဝင်ခွင့်ရှိမည်ဖြစ်သည်။
Photo: အချင်းများခဲ့သည့် ဖယ်လိုင်နီနှင့်ရောဘတ်ဟုသ် (Getty Images)
Prev : ငွေကြေးကြွယ်ဝသောအသင်းများသာ အောင်မြင်မှုရတတ်ကြောင်း ရေနီယာရီဖွင့်ဟ
Next : ဒါဘီပွဲစဉ်တွင် အကျည်းတန်ခဲ့သော လုပ်ရပ်များအတွက် ဒန်နီရို့စ်တောင်းပန်စကားဆို
Next : ဒါဘီပွဲစဉ်တွင် အကျည်းတန်ခဲ့သော လုပ်ရပ်များအတွက် ဒန်နီရို့စ်တောင်းပန်စကားဆို