ဒါဘီပွဲစဉ်တွင် အကျည်းတန်ခဲ့သော လုပ်ရပ်များအတွက် ဒန်နီရို့စ်တောင်းပန်စကားဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Untitled-1
Photo: တောင်းပန်စကားဆိုခဲ့သည့် ဒန်နီရို့စ် (Getty Images)

တနင်္လာနေ့က ချဲလ်ဆီးကွင်း၌ ၂-၂ သရေရလဒ်ထွက်ပေါ်ခဲ့သော လန်ဒန်ဒါဘီပွဲစဉ်တွင် ကစားသမားများကြမ်းတမ်းစွာကစားခဲ့ကြခြင်းနှင့်ပတ်သက်၍ စပါးနောက်ခံလူ ဒန်နီရို့စ်က တောင်းပန်စကားဆိုသွားခဲ့သည်။

အဆိုပါပွဲအတွင်း အ၀ါကတ်ပြသမှု ၁၂ ကြိမ်အထိရှိခဲ့ပြီး နှစ်ဖက်အသင်းကစားသမားများကြား ကြမ်းတမ်းသောပဋိပက္ခ ၂ ကြိမ်ဖြစ်ပွားခဲ့သည်။

ပဋိပက္ခတစ်ခုအတွင်း စပါးကွင်းလယ်လူ ဒမ်ဘီလီကလည်း ကော်စတာ၏မျက်စိကိုလက်ချောင်းများဖြင့် ကုတ်ခြစ်ခဲ့ဖွယ်ရှိပြီး အက်ဖ်အေမှ ချမှတ်မည့်စွဲချက်များကို ၂ သင်းစလုံးရင်ဆိုင်ရဖွယ်ရှိနေသည်။

“ကျွန်တော်တို့ပွဲကို ကလေးတွေကြည့်ဖို့တောင် မသင့်တော်သလို ဖြစ်ခဲ့ပါတယ်။ တီဗွီဖန်သားပြင်ပေါ်မှာ ကျွန်တော်တို့လုပ်ရပ်တွေ ရုပ်ဆိုးအကျည်းတန်ခဲ့တယ်ဆိုရင် တကယ်ကိုတောင်းပန်ပါတယ်။ လန်ဒန်ဒါဘီပွဲဖြစ်လို့ ထင်တဲ့အတိုင်ြး
ပိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကိုလည်း အပြစ်တင်စရာမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပွဲကောင်းတစ်ပွဲတော့ဖြစ်ခဲ့ပါတယ်”ဟု ဒန်နီရို့စ်က ပြောကြားခဲ့သည်။

Photo: တောင်းပန်စကားဆိုခဲ့သည့် ဒန်နီရို့စ် (Getty Images)

comments

error: Content is protected !!