စပါးတွင် တောက်ပသောအနာဂတ်ရှိကြောင်း နည်းပြပိုချက်တီနိုဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Untitled-1
Photo: ချဲလ်ဆီးနှင့်ပွဲတွင်တွေ့ရသည့် ပိုချက်တီနို (Getty Images)

ပရီးမီးယားလိဂ်ဖလားနှင့် လွဲချော်ခဲ့ရသော်လည်း အသင်းတွင် တောက်ပသောအနာဂတ်ရှိကြောင်း စပါးနည်းပြပိုချက်တီနိုက ဖွင့်ဟသွားခဲ့သည်။

စပါးသည် ယမန်နေ့က ချဲလ်ဆီးနှင့် ၂-၂ သရေရလဒ်ထွက်ပေါ်ခဲ့ကာ ရမှတ်ဆုံးရှုံးခဲ့သောကြောင့် အမှတ်ပေးဇယားထိပ်မှ လက်စတာကို ချန်ပီယံဖြစ်ခွင့်ပေးခဲ့ရသည်။

“ကျွန်တော်တို့ သင်ယူစရာတွေရှိနေသေးပေမယ့် ကစားသမားတွေအတွက် တကယ်ကို ဂုဏ်ယူပါတယ်။ ဆုဖလားလက်လွှတ်ခဲ့ရတာ စိတ်ပျက်မိပေမယ့် တစ်နှစ်လုံးကစားခဲ့တဲ့ ခြေစွမ်းကတော့ ကျေနပ်စရာပါ။ ပရီးမီယားလိဂ်မှာ အ
သက်အငယ်ဆုံးလူစာရင်းကို ပိုင်ဆိုင်ထားလို့ ကျွန်တော်တို့မှာ တောက်ပတဲ့အနာဂတ်ရှိပါတယ်”ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

ပရီးမီယားလိဂ်ချန်ပီယံဖြစ်ခဲ့သော လက်စတာ၏နည်းပြရေနီယာရီကိုလည်း ပိုချက်တီနိုကချီးကျူးဂုဏ်ပြုခဲ့ပြီး ၎င်းတို့သည် ဆုဖလားနှင့်ထိုက်တန်ကြောင်း ဖွင့်ဟသွားခဲ့သည်။

Photo: ချဲလ်ဆီးနှင့်ပွဲတွင်တွေ့ရသည့် ပိုချက်တီနို (Getty Images)

comments

error: Content is protected !!