ပရီးမီယားလိဂ်သို့ ဘန်လေ ပြန်လည်တန်းတက်နိုင်ခဲ့
|
Photo: ပရီးမီးယားလိဂ်သို့ ပြန်လည်တက်လှမ်းနိုင်ခဲ့သော ဘန်လေ (Getty Images)
ဘန်လေသည် ယမန်နေ့က ကျူပီအာအသင်းကို ၁-၀ ဖြင့်အနိုင်ရပြီး ပရီးမီယားလိဂ်သို့ ပြန်လည်တက်လှမ်းနိုင်ရန် သေချာသွားခဲ့ပြီဖြစ်သည်။
နည်းပြ ရှောင်ဒိုက်ခ်ျ၏ဘန်လေသည် မစ်ဒယ်ဘရော့နှင့် ဘရိုက်တန်အသင်းတို့ထက် ၂ မှတ်သာ အသာရနေသော်လည်း နောက်ဆုံးပွဲစဉ်တွင် အဆိုပါ ၂ သင်းထိပ်တိုက်တွေ့ဆုံမည်ဖြစ်သောကြာင့် ဘန်လေမှာ ထိပ်ဆုံး ၂ သင်းစာရင်း
ဝင်ရန် သေချာသွားခဲ့ခြင်းဖြစ်သည်။
ဘန်လေသည် စနေနေ့တွင်ကစားမည့် ချာလ်တန်အသင်းနှင့်ပွဲစဉ်တွင် အနိုင်ရခဲ့လျှင် ချန်ပီယံရှစ်ဆုဖလားကို ဆွတ်ခူးနိုင်မည်လည်းဖြစ်သည်။
ပြီးခဲ့သည့် ဘောလုံးရာသီက တန်းဆင်းခဲ့ရသော ဘန်လေသည် ချန်ပီယံရှစ်တွင် ၁ နှစ်သာကစားပြီး ပရီးမီယားလိဂ်သို့ ပြန်လည်တက်လှမ်းနိုင်ရန် စွမ်းဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
Photo: ပရီးမီးယားလိဂ်သို့ ပြန်လည်တက်လှမ်းနိုင်ခဲ့သော ဘန်လေ (Getty Images)
Prev : စပါးတွင် တောက်ပသောအနာဂတ်ရှိကြောင်း နည်းပြပိုချက်တီနိုဖွင့်ဟ
Next : ငွေကြေးကြွယ်ဝသောအသင်းများသာ အောင်မြင်မှုရတတ်ကြောင်း ရေနီယာရီဖွင့်ဟ
Next : ငွေကြေးကြွယ်ဝသောအသင်းများသာ အောင်မြင်မှုရတတ်ကြောင်း ရေနီယာရီဖွင့်ဟ