ရိုးမားဂန္ထ၀င်တော့တီနဲ့တွေ့ခွင့်ရခဲ့တဲ့ တော့တီပုံဆေးမင်ကြောင်နဲ့ ဆွီဒင်က ရိုးမားရဲ့စူပါပရိသတ်
|
အတုခိုးခြင်းဆိုတာ အရိုးသားဆုံးမြှောက်ပင့်ခြင်းပဲဆိုတဲ့စကားရှိပါတယ်။ ဒါပေမဲ့ ကိုယ်အကြိုက်ဆုံးဘောလုံးသမားတစ်ယောက်ရဲ့ပုံကို နောက်ကျောမှာ ဆေးမင်ကြောင်ပုံကြီးထိုးတာကလည်း ဒီလိုအရိုးသားဆုံးမြှောက်ပင့်ခြင်းစာရင်း ၀င်ပါလိမ့်မယ်။
အဲဒီလိုလုပ်ခဲ့တာကတော့ အသက် ၆ နှစ်အရွယ်ကတည်းက ရိုးမားကိုအားပေးလာတဲ့ ဆွီဒင်က သောမတ်စ်ဂျွန်ဆင်ဖြစ်ပြီး သူက တော့တီပုံကို နောက်ကျောမှာ ဆေးမင်ထိုးထားတဲ့သူပါ။
အသက် ၃၉ နှစ်အရွယ် ရိုးမားဂန္ထ၀င်ရဲ့ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ပုံကို ရောမပြယုဂ်ကိုလိုဆီယမ်နောက်ခံနဲ့ နောက်ကျောမှာရေးထိုးထားပါတယ်။
ရိုးမားကို အဲဒီလိုရူးသွပ်တဲ့ ဂျွန်ဆင်ရဲ့ဆေးမင်ကြောင်ပုံ အွန်လိုင်းပေါ်ရောက်လာပြီးနောက် တော့တီကိုယ်တိုင်မြင်သွားခဲ့ကာ သူ့ကို ထရီဂိုရီယာမှာရှိတဲ့ ရိုးမားလေ့ကျင့်ရေးကွင်းကို ဖိတ်ခေါ်ပြီး အထူးတွေ့ဆုံခွင့်ပေးခဲ့ပါတယ်။
ဂျွန်ဆင်က “သူက ကျွန်တော့်ဆေးမင်ကြောင်ကို သဘောကျနေပုံပါပဲ။ တော့တီနဲ့တွေ့ခွင့်ရတာ အရမ်းဝမ်းသာဖို့ကောင်းတယ်။ သူက ဟာသဥာဏ်လည်းရှိပါတယ်။ ကျွန်တော့်ရင်ဘတ်မှာ ဆေးမင်ကြောင် ဘယ်တော့ထိုးမလဲလို့ မေးလိုက်ပါသေးတယ်။ အခုလို ဆေးမင်ကြောင်ထိုးထားတာက ကျွန်တော်တို့အသင်းခေါင်းဆောင်ရဲ့ သစ္စာရှိမှု၊ ရောမဘုရင်ဖြစ်မှုကို ဂုဏ်ပြုတာပါပဲ”လို့ ဆိုခဲ့ပါတယ်။
ဂျွန်ဆင်ဟာ အဲဒီဆေးမင်ကြောင်ဖန်တီးဖို့အတွက် အခုအချိန်အထိ ၉ နာရီကြာ အချိန်ယူထားရပြီး လုံးဝပြီးစီးဖို့အတွက် နောက်တစ်ကြိမ်သာ ထပ်မံအထိုးခံရတော့မှာဖြစ်တယ်လို့ သိရပါတယ်။
Next : ဆောက်သမ်တန်နှင့်ပွဲကို ရှေ့မတိုးပေး၍ ပရီးမီးယားလိဂ်အား ပယ်လီဂရီနီအပြစ်တင်