ဆောက်သမ်တန်နှင့်ပွဲကို ရှေ့မတိုးပေး၍ ပရီးမီးယားလိဂ်အား ပယ်လီဂရီနီအပြစ်တင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပရီးမီးယားလိဂ်၏ငြင်းပယ်မှုကို ဝေဖန်ခဲ့သည့် ပယ်လီဂရီနီ

ရီးရဲလ်နှင့် ဘာနေဗျူးတွင်ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ၃ ရက်အလိုဖြစ်သည့် ယခုတနင်္ဂနွေနေ့တွင် ဆောက်သမ်တန်နှင့် ကစားရမည့်ပွဲစဉ်ကို တစ်ရက်ရှေ့မတိုးပေးသည့်အတွက် ပရီးမီးယားလိဂ်အား မန်စီးတီးနည်းပြပယ်လီဂရီနီက ဝေဖန်လိုက်သည်။

မန်စီးတီးမှာ ထိုပွဲကို ၂၄ နာရီရှေ့တိုးပေးရန် တောင်းဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရပြီး ပြိုင်ဘက်ဖြစ်သည့်ရီးရဲလ်မှာမူ ယနေ့ညတွင် လာလီဂါပွဲစဉ်ကစားမည်ဖြစ်၍ မန်စီးတီးထက် နားချိန်နှင့် ပြင်ဆင်ချိန် ၂၄ နာရီပိုရမည်ဖြစ်သည်။

အဆင့် ၄ နေရာအတွက် တိုက်ပွဲဝင်နေရသည့် မန်စီးတီးကို ဆောက်သမ်တန်နှင့်ကစားမည့်ပွဲတွင် အရန်များဖြင့်ပွဲထွက်စေရန်မှာလည်း ပယ်လီဂရီနီအတွက် မလွယ်ကူသည့်အတွက် ယခုဆုံးဖြတ်ချက်ကို ၎င်းက ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်အတွက်တော့ မယုံချင်စရာပဲ။ တခြားအမှတ်ပေးပြိုင်ပွဲတွေကို ကြည့်လိုက်ရင် ချန်ပီယံလိဂ်ကစားရမယ့်အသင်းတွေကို သောကြာနေ့မှာကစားခိုင်းပါတယ်။ ချန်ပီယံလိဂ်မှာ ကိုယ့်အသင်းက အင်္ဂလန်ကို ကိုယ်စားပြုပေးနေတာတောင် ဒီအသင်းက ပြိုင်ဘက်ထက် အခွင့်အရေးသာအောင် မလုပ်ပေးချင်ကြဘူး။ အဲဒါက အရမ်းအရေးကြီးပါတယ်။ ချန်ပီယံလိဂ်မှာသာ ဆက်ပါဝင်ခွင့်မရရင် ပရီးမီးယားလိဂ်ရဲ့ချန်ပီယံလိဂ်ဝင်ခွင့် ၄ နေရာက တစ်နေရာလျော့သွားနိုင်တယ်။ အသင်းကတော့ ပရီးမီးယားလိဂ်နဲ့ ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ကိုတော့ ပွဲချိန်ပြောင်းဖို့မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြတယ်။ ဘာလို့လဲ။ ရုပ်သံထုတ်လွှင့်ချိန်အပြောင်းအလဲလုပ်ဖို့ မလွယ်ဘူးဆိုတာကတော့ အဖြေမဟုတ်ပါဘူး”ဟု ပယ်လီဂရီနီက ဆိုသည်။

comments

error: Content is protected !!