အန်ဖီးလ်တွင် ရှုံးကြွေးဆပ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းမည်ဟု ကလော့ပ်ကြုံးဝါး
|
လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ယမန်နေ့ပွဲရှုံးကြွေးကို ဒုတိယကျော့ပွဲစဉ်တွင် ပြန်ဆပ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးသည် ယမန်နေ့က ဗီလာရီးရဲလ်ကွင်းတွင် သွားရောက်ကစားခဲ့သော ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ အက်ဒရီယန်လိုပက်ဇ်၏နောက်ကျဂိုးကြောင့် ၁-၀ ဖြင့်အရေးနိမ့်ခဲ့ရသည်။
“စိတ်ပျက်နေရမယ့် အချိန်မဟုတ်ပါဘူး။ ကစားသမားတွေ ဒေါသထွက်ချင်ရင် ၁၀ မိနစ်လောက်ထွက်ပါ။ ပြီးရင်တော့ လုပ်စရာရှိတာလုပ်ရမှာပါ။ အစကတော့ ကျွန်တော်လည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒါဟာပထမအကျော့ပါ။ သူတို
့လည်းအန်ဖီးလ်မှာ လာကစားရဦးမှာပါ။ အဲဒီအချိန်အတွက် အသင့်ပြင်ထားဖို့လိုပါတယ်”ဟု ယာဂင်ကလော့ပ်က ပြောကြားခဲ့သည်။
ထို့အပြင် ကလော့ပ်က “၁-၀ ဆိုတဲ့ရလဒ်ဟာ ဘာမှကြီးကျယ်တဲ့ရလဒ်မဟုတ်ပါဘူး။ တစ်ချို့ဟာကွက်လေးတွေကို အဖြေရှာဖို့လိုပေမယ့် ကျွန်တော်တို့ အခြေအနေကောင်းတယ်လို့ ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။
Photo: ဗီလာရီးရဲလ်နှင့်ပွဲတွင်တွေ့ရသည့် ကလော့ပ် (Getty Images)
Next : အက်ဖ်အေဗိုလ်လုပွဲကို ပဲလေ့စ်အတွက် ကံဆိုးမှုများယူဆောင်လေ့ရှိသည့် ကလက်တန်ဘက်ကြီးကြပ်မည်