ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့လိုသည်ဟု ဟမ်မဲလ် ဖွင့်ဟထားကြောင်း ဒေါ့မွန်အတည်ပြု
|
ဒေါ့မွန်အသင်းခေါင်းဆောင် မတ်စ်ဟမ်မဲလ်သည် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာ၍ ဘွန်ဒက်စ်လီဂါပြိုင်ဘက် ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့မည်ဟု ဖွင့်ဟခဲ့ကြောင်း အသင်းကအတည်ပြုသွားခဲ့သည်။
အသက် ၂၇ နှစ်အရွယ်ဟမ်မဲလ်သည် ဒေါ့မွန်တွင် ၈ နှစ်ကစားထားပြီး စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသော်လည်း ၎င်း၏အသင်းဟောင်း ဘိုင်ယန်မြူးနစ်တွင် ပြန်လည်ခြေချရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်မှ သင့်တော်သော ကမ်းလှမ်းမှုပြုလုပ်ခဲ့လျှင် ဟမ်မဲလ်ကိုအသင်းပြောင်းခွင့်ပြုမည်ဖြစ်ကြောင်း ဒေါ့မွန်အသင်းဝက်ဘ်ဆိုက်၌ တရားဝင်ထုတ်ပြန်ခဲ့ကာ အဆိုပါ ဖော်ပြချက်တွင် “နောက်ခံလူ ဟမ်မဲလ်ဟာ လာမယ့်နွေရာ
သီမှာ အသင်းကိုစွန့်ခွာပြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အဲဒါကြောင့် ဘိုင်ယန်မြူးနစ်ကသာ သင့်တော်တဲ့ ကမ်းလှမ်းမှုပြုလုပ်လာခဲ့ရင် လက်ခံမယ်လို့ ဒေါ့မွန်ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ်း
လှမ်းခဲ့ခြင်း မရှိသေးပါဘူး”ဟု ပါရှိကြောင်း သိရသည်။
Photo: ဘိုင်ယန်သို့ ပြောင်းရွှေ့လိုနေသည့် ဟမ်မဲလ် (Getty Images)
Next : အသင်းတွင် ၎င်းရှိနေခဲ့၍သာ ကွင်းတည်ဆောက်ရန် ချေးငွေများရရှိခဲ့ခြင်းဖြစ်ကြောင်း ၀င်းဂါးပြောကြား