အက်ဖ်အေဗိုလ်လုပွဲကို ပဲလေ့စ်အတွက် ကံဆိုးမှုများယူဆောင်လေ့ရှိသည့် ကလက်တန်ဘက်ကြီးကြပ်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Untitled-1
Photo: အက်ဖ်အေဗိုလ်လုပွဲကြီးကြပ်မည့် ကလက်တန်ဘက် (Getty Images)

မန်ယူနှင့် ခရစ္စတယ်ပဲလေ့စ်တို့ယှဉ်ပြိုင်မည့် အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်ကို ဒိုင်လူကြီး မက်ခ်ကလက်တန်ဘက် တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး အဆိုပါသတင်းသည် ခရစ္စတယ်ပဲလေ့စ်ပရိသတ်များအတွက် အံ့သြတုန်လှုပ်ဖွယ်ဖြစ်ခဲ့
ရသည်။

အဘယ်ကြောင့်ဆိုသော် ၂၀၁၃ ခုနှစ် ခရစ္စတယ်ပဲလေ့စ် တန်းတက်လာစဉ်ကတည်းက ကလက်တန်ဘက်ကိုင်တွယ်သော ပွဲစဉ်များတွင် ၎င်းတို့အသင်း ရလဒ်ဆိုးဝါးလေ့ရှိသောကြောင့်ဖြစ်သည်။

အသက် ၄၁ နှစ်အရွယ် ကလက်တန်ဘက်သည် ပရီးမီးယားလိဂ်ပွဲစဉ်များကို တာဝန်ယူကိုင်တွယ်သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်ပြီဖြစ်သော်လည်း အက်ဖ်ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်ကိုင်တွယ်ခြင်းဖြစ်သည်။

ခရစ္စတယ်ပဲလေ့စ်သည် ကလတ်တန်ဘက် တာဝန်ယူသော ၎င်းတို့၏ ၁၁ ပွဲတွင် တစ်ပွဲသာအနိုင်ရထားခဲ့သည်။

အက်ဖ်အေဖလားဗိုလ်လုပွဲကို ကိုင်တွယ်ရမည့်ကိစ္စနှင့်ပတ်သက်၍ ကလက်တန်ဘက်က “အက်ဖ်ဖလားဗိုလ်လုပွဲကို တာဝန်ယူကြီးကြပ်ရမှာက ဂုဏ်ယူစရာပါ။ ကျွန်တော့်အတွက်တော့ ကြီးမားတဲ့ဆုလာဘ်ပဲ”ဟု ပြောကြားခဲ့သည်။

Photo: အက်ဖ်အေဗိုလ်လုပွဲကြီးကြပ်မည့် ကလက်တန်ဘက် (Getty Images)

comments

error: Content is protected !!