အက်သလက်တီကို ၁ – ၀ ဘိုင်ယန်မြူးနစ် (နည်းပြနှစ်ဦး၏ပွဲပြီးပြောစကား)
|
အက်သလက်တီကိုနည်းပြ ဆီမြွန်နီ
—————————————-
“ပထမပိုင်းမှာ ကျွန်တော်တို့ လိုချင်တဲ့အတိုင်းဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ သူတို့ပိုအသာရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်မှုအပြည့်နဲ့ ပိတ်ဆို့ကစားနိုင်ခဲ့ပါတယ်။ ဆောနီဂွက်ဇ်ဟာ အများကြီးတိုးတက်လာပြီး သူ့ရဲ့တ
စ်ကိုယ်တော်စွမ်းရည်နဲ့ ဖန်တီးနိုင်မှုကို တွေ့မြင်ခဲ့ရပါတယ်။ နောက်တစ်ပတ်ရောက်ရင် သူတို့ရဲ့ပရိသတ်တွေရှေ့မှာ ယှဉ်ပြိုင်ရမှာဆိုတော့ သူတို့မှာပိုပြီးအခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း အဝေးဂိုးသွင်းနိုင်ရင် အခြေ
အနေကောင်းပါတယ်။ အခုကစားခဲ့တဲ့ပွဲလိုပဲ အကြိတ်အနယ်ရှိမှာပါ။ ဘယ်အသင်းက အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်”
ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာ
————————————–
“သူတို့ရခဲ့တဲ့ဂိုးက အရမ်းကောင်းတဲ့ဂိုးပါ။ ကျွန်တော်တို့ရဲ့ အမှားကြောင့်လည်းပါပါတယ်။ ကျွန်တော်တို့အသင်းကစားပုံကို အားမရပါဘူး။ ခြုံကြည့်လိုက်ရင်တော့ ပွဲကောင်းတစ်ပွဲပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပွဲအစမှာ ခြေစွမ်းမကောင်းခဲ့ပါ
ဘူး။ ကစားပုံနှေးကွေးနေခဲ့လို့ ဂိုးပေးခဲ့ရတာပါ”
Photo: နှုတ်ဆက်နေသည့် ဂွါဒီယိုလာနှင့် ဆီမြွန်နီ (Getty Images)
Next : ဒေါ့မွန်ကိုအနိုင်ရခဲ့သည့် အတွေ့အကြုံကို အကောင်းဆုံးအသုံးချရန်လိုကြောင်း ကလော့ပ်တိုက်တွန်း