ဆီမြွန်နီ၏ လာလီဂါလက်ကျန်ပွဲအားလုံး အနီးကပ်ကြီးကြပ်ခွင့် ပိတ်ပင်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Untitled-1
Photo: အနီးကပ်ကြီးကြပ်ခွင့်ပိတ်ပင်ခံရသည့် ဆီမြွန်နီ (Getty Images)

အက်သလက်တီကိုနည်းပြ ဆီမြွန်နီသည် လက်ရှိဘောလုံးရာသီ လာလီဂါလက်ကျန် ၃ ပွဲစလုံးတွင် အနီးကပ်ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

အသက် ၄၅ နှစ်အရွယ် ဆီမြွန်နီသည် ပြီးခဲ့သည့်စနေနေ့က မာလာဂါကို ၁-၀ ဖြင့်အနိုင်ရခဲ့သည့်ပွဲစဉ်တွင် မာလာဂါအသင်းမှ လက်ပစ်ဘောရရှိချိန်၌ တိုက်စစ်ဆင်နေမှုနှောင့်နှေးစေရန် ဘောလုံးကောက်သည့် လူငယ်အား ဘောလုံးကို
ကွင်းတွင်းသို့ ပစ်ချရန်တိုက်တွန်းခဲ့သည်။

အဆိုပါအပြုအမူကြောင့် ဒိုင်လူကြီးက ဆီမြွန်နီကို ကွင်းတွေမှထုတ်ပယ်ကာ ပွဲကြည့်စင်မှသာကြီးကြပ်စေခဲ့ပြီး ဆီမြွန်နီက “ဒိုင်လူကြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခဲ့တယ်ဆိုတာ ရှင်းပါတယ်”ဟု ဖွင့်ဟခဲ့သည်။

ဆီမြွန်နီသည် အဆိုပါပြစ်ဒဏ်ကြောင့် ဧပြီလ ၃၀ တွင်ကစားမည့် ဗယ်လီကာနိုနှင့်ပွဲစဉ်၊ မေလ ၈ ရက်တွင်ကစားမည့် လီဗန်တေးနှင့်ပွဲစဉ်၊ မေလ ၁၅ ရက်နေ့တွင် ဆယ်တာဗီဂိုနှင့်ကစားမည့် လာလီဂါနောက်ဆုံးပွဲစဉ်တို့၌ အနီးကပ်ပွဲကြီး
ကြပ်ခွင့်ရမည်မဟုတ်သော်လည်း ဘိုင်ယန်မြူးနစ်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်မှာမူ ပြစ်ဒဏ်တွင် အကြုံးမ၀င်ကြောင်းသိရသည်။

Photo: အနီးကပ်ကြီးကြပ်ခွင့်ပိတ်ပင်ခံရသည့် ဆီမြွန်နီ (Getty Images)

comments

error: Content is protected !!